ရေနည်းငါး
" ရေနည်းငါး "
ရှေးသရောခါ ၊ ပြည်ဗာရာဝယ်
ပြည်ရွာသေနင်း ၊ ပြည့်ရှင်မင်းမှာ
အလျဉ်းမရှိ ၊ မင်းမြှောက်ဘိဟု
နန်း၏အမတ်ချုပ် ၊ အကြံထုတ်၍
အုပ်ချုပ်နန်းလျာ ၊ ရူးနှမ်းစွာကို
မင်းအရာ တင်မြှောက် ခဲ့လေသည်။
မင်းတို့ဖြတ်ထုံး ၊ လက်တစ်လုံးနှင့်
ဝင်ဆုံးဖြတ်ကာ ၊ တီးတိုးစွာလျှင်
မင်းမှာမိန့်မြွက် ၊ ဥပဒေသက်၏။
သူခိုးသူကန်း ၊ ငွေလက်ကမ်းပြီး
လွတ်လမ်းမွှေနှောက် ၊ မင်းလျှင်နောက်က
လွတ်မြောက်ကြစေ မိန့်မြွက်လေ၏။
မှန်စေမြတ်ပေါင်း ၊ သူတော်ကောင်းတို့
ပုပ်ယောင်းညစ်ပတ် ၊ အမြစ်ဖြတ်ဖို့
မြိုင်ရပ်နှင်စေ ၊ သားသတ်စေတည့်။
တစ်ထွေချဉ်းကပ် ၊ မင်းနားရပ်သော်
လျဉ်းဖြတ်ပိုင်ပိုင် ၊ ချုပ်သံတိုင်နှင့်
မနိုင်တိုက်ပိတ် ၊ ခြေလက်ထိပ်တည့်။
တစ်နေ့သောခါ ၊ ရူးသွမ်းရှာသည့်
မင်းမှာမှားယွင်း ၊ မတ်ချုပ်မင်းကို
ထောင်သွင်းတိုက်ပိတ် မိလေသည်။
မတ်ချုပ်မရှိ ၊ ဘာမသိနှင့်
ဆိုး၏လွတ်ငြိမ်း ၊ သူတော်တိမ်းနှင့်
ပွဲသိမ်းနီးကပ် ၊ ထိပ်တုံးခတ်ဟု
ကောင်းဓာတ်ညှိုးအက် ၊ မုန်းဓာတ်သက်၍
စစ်ဖက်ရန်မီး ၊ လျှံလျှံငြီးလျက်
ပြည်ကြီးပျက်စွာ ၊ ရှေးအခါဝယ်
ဗာရာဏသီ ပြည်၌တည်း။ ။
" သစ်ရိပ်ညို "
ရှေးသရောခါ ၊ ပြည်ဗာရာဝယ်
ပြည်ရွာသေနင်း ၊ ပြည့်ရှင်မင်းမှာ
အလျဉ်းမရှိ ၊ မင်းမြှောက်ဘိဟု
နန်း၏အမတ်ချုပ် ၊ အကြံထုတ်၍
အုပ်ချုပ်နန်းလျာ ၊ ရူးနှမ်းစွာကို
မင်းအရာ တင်မြှောက် ခဲ့လေသည်။
မင်းတို့ဖြတ်ထုံး ၊ လက်တစ်လုံးနှင့်
ဝင်ဆုံးဖြတ်ကာ ၊ တီးတိုးစွာလျှင်
မင်းမှာမိန့်မြွက် ၊ ဥပဒေသက်၏။
သူခိုးသူကန်း ၊ ငွေလက်ကမ်းပြီး
လွတ်လမ်းမွှေနှောက် ၊ မင်းလျှင်နောက်က
လွတ်မြောက်ကြစေ မိန့်မြွက်လေ၏။
မှန်စေမြတ်ပေါင်း ၊ သူတော်ကောင်းတို့
ပုပ်ယောင်းညစ်ပတ် ၊ အမြစ်ဖြတ်ဖို့
မြိုင်ရပ်နှင်စေ ၊ သားသတ်စေတည့်။
တစ်ထွေချဉ်းကပ် ၊ မင်းနားရပ်သော်
လျဉ်းဖြတ်ပိုင်ပိုင် ၊ ချုပ်သံတိုင်နှင့်
မနိုင်တိုက်ပိတ် ၊ ခြေလက်ထိပ်တည့်။
တစ်နေ့သောခါ ၊ ရူးသွမ်းရှာသည့်
မင်းမှာမှားယွင်း ၊ မတ်ချုပ်မင်းကို
ထောင်သွင်းတိုက်ပိတ် မိလေသည်။
မတ်ချုပ်မရှိ ၊ ဘာမသိနှင့်
ဆိုး၏လွတ်ငြိမ်း ၊ သူတော်တိမ်းနှင့်
ပွဲသိမ်းနီးကပ် ၊ ထိပ်တုံးခတ်ဟု
ကောင်းဓာတ်ညှိုးအက် ၊ မုန်းဓာတ်သက်၍
စစ်ဖက်ရန်မီး ၊ လျှံလျှံငြီးလျက်
ပြည်ကြီးပျက်စွာ ၊ ရှေးအခါဝယ်
ဗာရာဏသီ ပြည်၌တည်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment