ကျောင်းတက်မယ်

" ကျောင်းတက်မယ် "

သွားတိုက်ရေချိုး သန့်ရှင်းစင်
သနပ်ခါးလေး လူးပြီးလျှင်။

အုန်းဆီလိမ်းကာ ခေါင်းကိုဖြီး
ခြေသည်းလက်သည်းလှီး။

ကျောင်းကိုသွားဖို့ လွယ်အိတ်ပြင်
စာအုပ်ခဲတံ စုံစုံလင်။

ဦးထုပ်ဆောင်းကာ ဖိနပ်ကိုစီး
ဖြူစိမ်းလေးဝတ်ပြီး။

ကျောင်းတက်ခေါင်းလောင်း ဒေါင်ဒင်ဒင်
ကျောင်သူကျောင်းသား စုံညီပင်။

တန်းစီညီညာ ရပ်ကာစု
နိုင်ငံတော်ကို အလေးပြု။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်