ကုသိုလ် အကုသိုလ် ကံအလုပ်သည်သာ
" ကုသိုလ် အကုသိုလ် ကံအလုပ် သည်သာ "
ထီးနန်းစံ ချိန်ကာလ
ဒေသက ကိုက်ညီ။
ရှေးကုသိုလ် ကံအကျိုး
စိုး ရပေမည်။
ကံပေး၍ မတ်တည်
ရပ်နေပြီ ဆိုသော်လည်း။
ကုသိုလ်ကံ ကံအလုပ်
မိုးချုပ် တတ်မြဲ။ ။
ကုသိုလ်ရှိန် ကံရတုန်း
ကျိုးလုံ့လ သတိကြွယ်။
များဝေနေ ကုသိုလ်ရေး
အလေးပေး သင့်တယ်။
ဟိုး အမြင့် စံချိန်ဝယ်
လေတိုက်တယ် သတိထား။
ကုသိုလ်ကံ အကျိုးပျက်
ချိုးဖျက် တတ်သား။ ။
ရွှေနန်းစံ ဘုံထိပ်ဖျား
ဆက်နားဖို့ ကြံရွယ်။
အကုသိုလ် မလွယ်ထုပ်
မန်းမှုတ် ကာကွယ်။
ကုသလ မခင်တွယ်
ရက်စက်မယ် ဆိုငြား။
အကုသလာ
ပြဿာဒ်ရွာ ငရဲလမ်းက
ဖြောင့်တန်း လှသား။ ။
ကံကူတယ် မကူငြား
စိတ်ထားမြတ် ထားကြပါ။
ရောက်လေရာ သင့်အရပ်က
သင့်မြတ် မည်သာ။
ကျိုးလုံ့လ ကုသလာ
လူ့ပြည်ရွာ ချစ်မြဲ။
လူမခြားပါဘု
နတ် သိကြား ဗြဟ္မာ များပင်
အားကျ စိတ်ထဲ။ ။
" သစ်ရိပ်ညို "
ထီးနန်းစံ ချိန်ကာလ
ဒေသက ကိုက်ညီ။
ရှေးကုသိုလ် ကံအကျိုး
စိုး ရပေမည်။
ကံပေး၍ မတ်တည်
ရပ်နေပြီ ဆိုသော်လည်း။
ကုသိုလ်ကံ ကံအလုပ်
မိုးချုပ် တတ်မြဲ။ ။
ကုသိုလ်ရှိန် ကံရတုန်း
ကျိုးလုံ့လ သတိကြွယ်။
များဝေနေ ကုသိုလ်ရေး
အလေးပေး သင့်တယ်။
ဟိုး အမြင့် စံချိန်ဝယ်
လေတိုက်တယ် သတိထား။
ကုသိုလ်ကံ အကျိုးပျက်
ချိုးဖျက် တတ်သား။ ။
ရွှေနန်းစံ ဘုံထိပ်ဖျား
ဆက်နားဖို့ ကြံရွယ်။
အကုသိုလ် မလွယ်ထုပ်
မန်းမှုတ် ကာကွယ်။
ကုသလ မခင်တွယ်
ရက်စက်မယ် ဆိုငြား။
အကုသလာ
ပြဿာဒ်ရွာ ငရဲလမ်းက
ဖြောင့်တန်း လှသား။ ။
ကံကူတယ် မကူငြား
စိတ်ထားမြတ် ထားကြပါ။
ရောက်လေရာ သင့်အရပ်က
သင့်မြတ် မည်သာ။
ကျိုးလုံ့လ ကုသလာ
လူ့ပြည်ရွာ ချစ်မြဲ။
လူမခြားပါဘု
နတ် သိကြား ဗြဟ္မာ များပင်
အားကျ စိတ်ထဲ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment