ခါသင်္ကြန်
" ခါသင်္ကြန် "
နေတက်စဝယ် ဖူးစို့ကြွယ်သား
ပန်ရွယ်ခွန်းချွေ နုသစ်စေ၍
ပွင့်ဝေထွန်းသစ် ကြွလျက်ပင်။
ဖြေခက်လှဖွယ် ချမ်းစိမ့်မယ်ပါ့
လန်းဖွယ့်စမ်းရေ ပန်းနံ့ဝေကာ
ခွင့်ချွေသွန်းချစ် စ ပက်လျှင်။
ရေပက်ကြမယ် မျိုးသစ်နွယ်တို့
ခင်တွယ်မျိုးဆွေ ပန်းပေါင်းထွေနှင့်
လွှင့်ရေမွှန်းနစ် မြသက်ရွှင်။
" နွေဂိမှာန် "
တသွေ့သွေ့ဆင် တသွင်သွင်မွေ့
တစ်ဆွေ့တစ်ခုန် တသုန်တကွေ့
သွေ့သွေ့လွမ်းမိုး စိုးကြောက်ဖွယ်။
တရွေ့ရွေ့လျှင် တငင်ငင်လှေ့
တမေ့တဖုံ တစ်ငုံတစ်ပွေ့
ရွေ့ရွေ့ပန်းကျိုး ညှိုးခြောက်တယ်။
တငွေ့ငွေ့ပင် တလွင်လွင်ဝှေ့
တစ်ဝေ့တစ်အုံ တဆုံတမြေ့
ငွေ့ငွေ့ချမ်းဖြိုး မိုးသောက်ကြယ်။
" မိုးဦးသံစဉ် "
မို့မို့မှိုင်းမှိုင်း ညို့ညို့စိုင်းနှင့်
တံတိုင်းထွဋ်တင် တိမ်တောင်ဆင်လျက်
ရှစ်ခွင်ရစ်ဝိုင်း မှိုင်းတတ်သည်။
ညို့ညို့စိုင်းစိုင်း ၊ စို့စို့ထိုင်းကာ
ရစ်ဝိုင်းပြိုဆင် အာကာပြင်ဝယ်
နှစ်စဉ်နှစ်တိုင်း စိုင်းတတ်သည်။
စို့စို့ထိုင်းထိုင်း မို့မို့မှိုင်း၍
သင်တိုင်းမြူးရွှင် တောင်လေနှင်လျက်
မြစ်ပြင်ချစ်လှိုင်း ထိုင်းတတ်သည်
" ချိုပလီချစ်ခွန်း "
တစ်နေ့အတွက်
မမေ့ရက်နိုင်ပါတော့ပြီ။
မမေ့တစ်သက်
မပွေ့ဖက်နိုင်ပါတော့ပြီ။
တစ်ပွေ့တစ်ဖက်
အတွေ့ခက်မှိုင်ရှာတော့သည်။
" စွမ်းစွမ်းတမံ "
ဌာနေဆီသို့ တချို့တလေ
သာစေပြီမို့ ငါတို့တစ်တွေ
ယာမြေညီဖို့ ဝိုင်းစို့လေ။
" ပျိုးခင်းမြေ "
စိမ့်စိမ့်အေးအေး တို့ချွေးလိမ့်လိမ့်
ငြိမ့်ငြိမ့်ဖွေးဖွေး ရေပြေးချိမ့်ချိမ့်
သိမ့်သိမ့်ထွေးထွေး ရွာမွေးစစ်သည်။
" အားမာန် "
နေဝန်းကြည်ရွှင် လွင်လွင်ဆွတ်ဖြူး။
ဝေရွှန်းရည်လွင် စည်ပင်ပွင့်ဖူး။
ချွေခွန်းစည်ပင် ရွှင်ရွှင်မှဲ့ခူး။
" သာသနာ ရောင်လျှမ်း "
တောင်ကျွန်းစင်္ကြာ ဝန်းယှက်ခါ
အာကာပြာလဲ့ကြည်။
ညောင်သွန်းခက်ဖြာ ညွန့်ရွက်လွှာ
မာလာရှာလှဲ့ချည်။
ဆောင်ခွန်းသက်လျာ ထွန်းလက်စွာ
သာယာလာခဲ့ပြီ။
" သစ်ရိပ်ညို "
နေတက်စဝယ် ဖူးစို့ကြွယ်သား
ပန်ရွယ်ခွန်းချွေ နုသစ်စေ၍
ပွင့်ဝေထွန်းသစ် ကြွလျက်ပင်။
ဖြေခက်လှဖွယ် ချမ်းစိမ့်မယ်ပါ့
လန်းဖွယ့်စမ်းရေ ပန်းနံ့ဝေကာ
ခွင့်ချွေသွန်းချစ် စ ပက်လျှင်။
ရေပက်ကြမယ် မျိုးသစ်နွယ်တို့
ခင်တွယ်မျိုးဆွေ ပန်းပေါင်းထွေနှင့်
လွှင့်ရေမွှန်းနစ် မြသက်ရွှင်။
" နွေဂိမှာန် "
တသွေ့သွေ့ဆင် တသွင်သွင်မွေ့
တစ်ဆွေ့တစ်ခုန် တသုန်တကွေ့
သွေ့သွေ့လွမ်းမိုး စိုးကြောက်ဖွယ်။
တရွေ့ရွေ့လျှင် တငင်ငင်လှေ့
တမေ့တဖုံ တစ်ငုံတစ်ပွေ့
ရွေ့ရွေ့ပန်းကျိုး ညှိုးခြောက်တယ်။
တငွေ့ငွေ့ပင် တလွင်လွင်ဝှေ့
တစ်ဝေ့တစ်အုံ တဆုံတမြေ့
ငွေ့ငွေ့ချမ်းဖြိုး မိုးသောက်ကြယ်။
" မိုးဦးသံစဉ် "
မို့မို့မှိုင်းမှိုင်း ညို့ညို့စိုင်းနှင့်
တံတိုင်းထွဋ်တင် တိမ်တောင်ဆင်လျက်
ရှစ်ခွင်ရစ်ဝိုင်း မှိုင်းတတ်သည်။
ညို့ညို့စိုင်းစိုင်း ၊ စို့စို့ထိုင်းကာ
ရစ်ဝိုင်းပြိုဆင် အာကာပြင်ဝယ်
နှစ်စဉ်နှစ်တိုင်း စိုင်းတတ်သည်။
စို့စို့ထိုင်းထိုင်း မို့မို့မှိုင်း၍
သင်တိုင်းမြူးရွှင် တောင်လေနှင်လျက်
မြစ်ပြင်ချစ်လှိုင်း ထိုင်းတတ်သည်
" ချိုပလီချစ်ခွန်း "
တစ်နေ့အတွက်
မမေ့ရက်နိုင်ပါတော့ပြီ။
မမေ့တစ်သက်
မပွေ့ဖက်နိုင်ပါတော့ပြီ။
တစ်ပွေ့တစ်ဖက်
အတွေ့ခက်မှိုင်ရှာတော့သည်။
" စွမ်းစွမ်းတမံ "
ဌာနေဆီသို့ တချို့တလေ
သာစေပြီမို့ ငါတို့တစ်တွေ
ယာမြေညီဖို့ ဝိုင်းစို့လေ။
" ပျိုးခင်းမြေ "
စိမ့်စိမ့်အေးအေး တို့ချွေးလိမ့်လိမ့်
ငြိမ့်ငြိမ့်ဖွေးဖွေး ရေပြေးချိမ့်ချိမ့်
သိမ့်သိမ့်ထွေးထွေး ရွာမွေးစစ်သည်။
" အားမာန် "
နေဝန်းကြည်ရွှင် လွင်လွင်ဆွတ်ဖြူး။
ဝေရွှန်းရည်လွင် စည်ပင်ပွင့်ဖူး။
ချွေခွန်းစည်ပင် ရွှင်ရွှင်မှဲ့ခူး။
" သာသနာ ရောင်လျှမ်း "
တောင်ကျွန်းစင်္ကြာ ဝန်းယှက်ခါ
အာကာပြာလဲ့ကြည်။
ညောင်သွန်းခက်ဖြာ ညွန့်ရွက်လွှာ
မာလာရှာလှဲ့ချည်။
ဆောင်ခွန်းသက်လျာ ထွန်းလက်စွာ
သာယာလာခဲ့ပြီ။
" သစ်ရိပ်ညို "
Comments
Post a Comment