ရွှေမိုးညိုညို

"ရွှေမိုးညိုညို"

အုံ့ဆိုင်းညို့မှိုင်း ရှစ်တိုင်းဝန်းရံ
တိမ်တောင်တိမ်လိပ် ဖြန့်သိပ်ပြည့်လျှံ
တောင်လေရယ်ပျိုး ထက်မိုးလွင့်ပျံ
အာကာစိုး ဝေဖြိုးရွာမယ့်ဟန်။

လျှပ်နွယ်လျှပ်ပန်း တင့်ဆန်းဝေယံ
အေးသက်လေတိုး ချစ်မိုးခေါ်သံ
ဂျိုးဂျိုးဂျိမ့်ဂျိမ့် ခြိမ့်ခြိမ့်ရယ်ညံ
အာကာမိုး ဆွေမိုးရွာမယ့်ဟန်။

မိုးစက်လေပြင်း တိုက်ခွင်းရွာသံ
ရာသီစက်ကွင်း ပြည့်နှင်းဟန်ပန်
တောင်သာကျေးလက် မြို့ဘက်မကျန်
ဝဿာန်မိုး ရွာဖြိုးစေမယ့်ဟန်။

ဖူးပွင့်လှပန်း တင့်ဆန်းဝေစံ
တောတောင်စိမ့်စမ်း ပြည့်ဝှမ်းစေမှန်
ချေငယ်ဆိုင်ဆတ် ငါးငှက်တိရိစ္ဆာန်
ရွှင်ပျော်မြူး ဆုထူးပန်မယ့်ဟန်။

မုတ်သုန်လေပျိုး ရွှေမိုးခေါ်ဟန်
တောင်သူယာပျိုး ထွက်တိုးစပါးနှံ
ပြည်ခိုင်စိုဖြိုး ရပ်ကျိုးဆောင်ရန်
ဒါနမျိုး နောင်တိုးလှူကြဟန်။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်