အတွင်းဓာတ်
" အတွင်းဓာတ် "
အမြင်ငယ် နုပ်သမို့
ရွှေထုတ်လို့ မထင်။
ခြေစကြာ ဘယ်ညာလှဲ့
ခတ်ခဲ့ သည်တွင်။
လှစ်ကနဲပင်
ပေါ်လွင်သည့် ရွှေအဆင်း။
ဘုရားကယ်ပါလို့
ရွှေစင်မှာ ဘယ်မယွင်းရတယ်
ဝင်းမှဲ့ လက်တွင်း။ ။
ပညာရှိ သူတော်ကောင်း
ပျော့ပျောင်း သည့် ရိုးဂုဏ်။
ဂုဏ်သိမ်သူ ဟိတ်ဟန်လုပ်
ရှိုးထုတ် အဖုံဖုံ။
သူတော်ကောင်း နှင့်ကြုံဆုံ
လူဘုံတွင် နှိမ်ချသေး။
မနိမ့်ပါကုန်
သီလဂုဏ် ပညာရှိမှာဖြင့်
သမာဓိ အသွယ်သွယ်နဲ့
သတ္တိကြွယ် အရည်အချင်းတွေကြောင့်
ရှင်းသန့် ထင်လင်း။ ။
" သစ်ရိပ်ညို "
အမြင်ငယ် နုပ်သမို့
ရွှေထုတ်လို့ မထင်။
ခြေစကြာ ဘယ်ညာလှဲ့
ခတ်ခဲ့ သည်တွင်။
လှစ်ကနဲပင်
ပေါ်လွင်သည့် ရွှေအဆင်း။
ဘုရားကယ်ပါလို့
ရွှေစင်မှာ ဘယ်မယွင်းရတယ်
ဝင်းမှဲ့ လက်တွင်း။ ။
ပညာရှိ သူတော်ကောင်း
ပျော့ပျောင်း သည့် ရိုးဂုဏ်။
ဂုဏ်သိမ်သူ ဟိတ်ဟန်လုပ်
ရှိုးထုတ် အဖုံဖုံ။
သူတော်ကောင်း နှင့်ကြုံဆုံ
လူဘုံတွင် နှိမ်ချသေး။
မနိမ့်ပါကုန်
သီလဂုဏ် ပညာရှိမှာဖြင့်
သမာဓိ အသွယ်သွယ်နဲ့
သတ္တိကြွယ် အရည်အချင်းတွေကြောင့်
ရှင်းသန့် ထင်လင်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment