သွေးသစ် လူငယ်
" သွေးသစ် လူငယ် "
ရောင်နီပျိုး မိုးသောက်ချိန်
စန်းလသော်တာ မှိန်။
ကြယ်စင်ထိန် မှုန်ပျပျ
ရောင်နီ လာခါစ။
အာရုံတက်သည့် နံနက်မှာ
ကျေးငှက်တွန်သံသာ။
စာအံကျက်ဖို့ နိုးထစို့
စာကြိုးစားပါစို့။
ကျောင်းတက်ခေါင်းလောင်း ထိုးတဲ့အသံ
ဒေါင်ဒေါင်ဒင်ဒင်ညံ။
မင်္ဂလာပါ နှုတ်ခွန်းဆက်
စာအံသင်ဖို့အတွက်။
စာသင်ခန်းလေး အတွင်းမှာ
စာအံဖတ်ကြတာ။
တို့ပြည်ထောင် အောင်စေကြောင်း
လူငယ် သွေးသစ်လောင်း။ ။
" သစ်ရိပ်ညို "
ရောင်နီပျိုး မိုးသောက်ချိန်
စန်းလသော်တာ မှိန်။
ကြယ်စင်ထိန် မှုန်ပျပျ
ရောင်နီ လာခါစ။
အာရုံတက်သည့် နံနက်မှာ
ကျေးငှက်တွန်သံသာ။
စာအံကျက်ဖို့ နိုးထစို့
စာကြိုးစားပါစို့။
ကျောင်းတက်ခေါင်းလောင်း ထိုးတဲ့အသံ
ဒေါင်ဒေါင်ဒင်ဒင်ညံ။
မင်္ဂလာပါ နှုတ်ခွန်းဆက်
စာအံသင်ဖို့အတွက်။
စာသင်ခန်းလေး အတွင်းမှာ
စာအံဖတ်ကြတာ။
တို့ပြည်ထောင် အောင်စေကြောင်း
လူငယ် သွေးသစ်လောင်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment