စိတ်သည်သာ အဓိက

" စိတ်သည်သာ အဓိက "

သတ္တဝါ စိတ်ခွာက
ပြိတ္တာ ဗျ ရှုမြင်
အတိတ်ကမ္ဘာမှ ယခုတိုင်ပင်
ကံသည်လျှင် စိတ်ပဲ။

စိတ်အနှစ် ပစ္စယုပ္ပန် လို
အသစ်အဟုတ်အမှန် အားစိုက်ရမလွဲ။

ဇွဲလုံ့လ ဝီရိယကံမှာ
ဥာဏ်ပညာ အုပ်မြဲ။

စံတင်စရာ လွန်ခက်ခဲ ပေမယ့်
မရွံ့ဘဲ ဆက်ရာ။

ဓူဝံကြယ် ဘယ်မလွတ်ပါဘု
လှမ်းဆွတ်လို့ ရယူနိုင်တာ။

စိတ်ရှိသည့် ရုပ်ခန္ဓာ
ဟုတ်မှန်ရာ လူ့အကျိုးကိုဖြင့်
သယ်ပိုးလို့ ထမ်းရွက်သော်
မြင့်မြတ်ကွဲ့နော်။

လူ့ဘဝ ခဏပျော် ချိန်
စိတ်အဖေါ် ဥာဏ်သုံးကွဲ့ လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်