မိဘမေတ္တာ

" မိဘမေတ္တာ "

ပျားအုံတွင်းအောင်း ၊ ပျားသားလောင်းတွက်
ပျားပေါင်းရှာပေး ၊ ပျားရည်ကြွေး၏။

အစာရှာပေး ၊ သားငယ်လေးတွက်
ခွံ့ကြွေးငှက်မ ၊ ဪမိဘတည့်။

အရွယ်ငယ်သွေး ၊ ခွေးပေါက်လေးကို
အံကြွေးချစ်ခင် ၊ ခွေးမိခင်တည့်။

ပုရွက်ဆိတ်များ ၊ ဥ၍ထားသည့်
ဥအားစောင့်လျှောက် ၊ အံ့ဩလောက်၏။

သိဥာဏ်ပြည့်ဝ ၊ လူမိဘလျှင်
သားလှသမီး ၊ ရှုမငြီးစွာ
ငယ်ကြီးမဟူ ၊ ချစ်ရည်တူ၏။

ရင်မှသွေးသား ၊ မေတ္တာထား၍
ဆပွားမေတ္တာ ၊ ပေးဝေကာဖြင့်
မေတ္တာနှလုံး ၊ ကိုယ်စီသုံးရင်း
နှလုံးမြတ်လှ ၊ ဪ.. မိဘတည့်။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်