မာန်ပြေချော့သွေး ရွှေမိုးလေး

"မာန်ပြေချော့သွေး ရွှေမိုးလေး"

ကိုကိုရွှေမိုး ဘယ်အငြိုးကြောင့်
မာန်ပျိုးရစ်ခွေ စိတ်မပြေတည့်။

ရွှေရင်ပူမီး ငြူစူပြီးလျှင်
လျှပ်စီးမရွှင် မိုးမမြင်ခဲ့။

မြစ်ပြင်ကန်ချောင်း ဆည်အပေါင်းမှ
ရေဟောင်းရေကျန် သောက်ရန်မရ
ခမ်းခြောက်ကြ၏။

နေ့လဲတောက်လောင် ညလဲလှောင်လို့
နေလောင်ကင်းပ အရိပ်ရရာ
ဖိတ်ကျလျှံငြား သူရိန်အားက
လွှားလွှားမခံ လေပူပြန်၏။

တိမ်ရောင်မတောက် မြူခိုးခြောက်ကာ
မိုးသောက်လာမှ မှောင်ရိပ်ပြထိ
ကြွမိသည့်ရင် မရွှင်ပင်ပန်း
ရစ်နွမ်းနွဲ့ခွေ ဖြတ်ကျော်လေတိုင်း
စိတ်တွေလေလွင့် လွန်မျှော်လင့်လှ
မိုးမြင့်ယံဘွေ ဝဠာမြေဝယ်
သွယ်စေအုံ့ဆိုင်း ရှစ်ခွင်တိုင်းလုံး
ညို့သိုင်းချည်နှောင် စိတ်ပြေအောင်လို့
မာန်ဆောင်ဖြေလျော့ ပြေပါတော့ကွယ်
မိုးမင်းရယ်ရှင့်။

" သစ်ရိပ်ညို "

Comments

  1. Please change pyihtaungsu font. I can't read all poems from your blog.

    ReplyDelete

Post a Comment

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်