အောင်မြင်စွာ ကျော်ဖြတ်ခြင်း

" အောင်မြင်စွာ ကျော်ဖြတ်ခြင်း "

သမုဒယာ
ဝမ်းတစ်ထွာ ဝဲဂယက်။
စိတ်နေကံ မှန်တစ်စ
တွေးဆ နှုတ်ထွက်။ ။

များများရယ် လုပ်နိုင်ဖို့
စို့စို့နင့် စားရာ။
လုပ်ငန်းခွင် အားပြည့်ကောင်း
ကြောင်းကျိုး ညီစွာ။
ညောင်းကိုက်ကြ ပင်ပန်းနာ
ခန္ဓာမှာ နုံးနယ်နွမ်း။
အားရစွာ
တစ်နပ်စာ တစ်ခါစားလို့
အားဖြည့် မာကျန်း။ ။

ခန္ဓာကိုယ် တရားပိုက်
အားစိုက်၍ မလှုပ်သာ။
သမထ အဓိပတိ
ဝိပဿ နာ။
ခွန်းအားကို ချွေတာ
ကျင့်ရတာ ခက်ခဲ။
ကံသတိ တွေနဲ့
ဥာဏ်ကြည့်ကာ နာကျင်စမ်းတယ်
ပင်ပန်း ဆင်းရဲ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်