မောင်ရွှေသွေး မောင်ရွှေသွေး
" မောင်ရွှေသွေး မောင်ရွှေသွေး "
မောင်ရွှေသွေး မောင်ရွှေသွေး
ရွှေသွေးလူလေး မောင်ရွှေသွေး ။
မောင်ရွှေသွေးလေး ချစ်စရာ
အိအိစက်စက် လုံးဖန်စွာ။
ကစားချိန်မှာ ဆော့ကစား
အားပြည့်အင်ပြည့် လွန်ဖွံ့ထွား။
အစားအစာ ဝါးစားတာ
သားငါးအရွက် စုံလင် ပါ။
သန့်ရှင်းစေတာ ကျန်းမာရေး
ဖြူဖြူဖွေးဖွေး မောင်ရွှေသွေး။
နုနယ်ရွှေသွေး လှပစွာ
ပြုံးပြုံးရွှင်ရွှင် ရယ်မောကာ။
လှုပ်ခါလှည့်ကာ လူးလာပြေး
သားငယ်လူလေး မောင်ရွှေသွေး။ ။
" သစ်ရိပ်ညို "
မောင်ရွှေသွေး မောင်ရွှေသွေး
ရွှေသွေးလူလေး မောင်ရွှေသွေး ။
မောင်ရွှေသွေးလေး ချစ်စရာ
အိအိစက်စက် လုံးဖန်စွာ။
ကစားချိန်မှာ ဆော့ကစား
အားပြည့်အင်ပြည့် လွန်ဖွံ့ထွား။
အစားအစာ ဝါးစားတာ
သားငါးအရွက် စုံလင် ပါ။
သန့်ရှင်းစေတာ ကျန်းမာရေး
ဖြူဖြူဖွေးဖွေး မောင်ရွှေသွေး။
နုနယ်ရွှေသွေး လှပစွာ
ပြုံးပြုံးရွှင်ရွှင် ရယ်မောကာ။
လှုပ်ခါလှည့်ကာ လူးလာပြေး
သားငယ်လူလေး မောင်ရွှေသွေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment