တို့အိမ်ခြံဝင်း

" တို့အိမ်ခြံဝင်း "

အိမ်ကလေး အိမ်ကလေး
တို့မိသားစု အိမ်ကလေး။

တို့အိမ်ဝင်းလေး အတွင်းမှာ
ဖေဖေ မေမေ မမပါ။

ကစားစရာ အဖေါ်များ
ခွေးကြောင်ကြက်ဝက် မွေးလို့ထား။

ခွေးပုလေး ဝုတ် ဝုတ် ဟောင်
ခုန်ပေါက်ပြေးလွှား ချော့မြှူယောင်။

ပူစီကြောင် ညောင် ညောင် ပေး
ကိုယ်ကိုပွတ်သပ် ချော့နေသေး။

ကြက်ဖလေးက အော်သံကျယ်
အောက်အီအီးအွတ် မြည်သံရယ်။

ဝက်ဖြူလေးမှာ တ ဝတ် ဝတ်(ဝပ်)
အစာတောင်းသံ မပြတ်ရွတ်။

တို့အိမ်ကလေး ချစ်စဖွယ်
အေးချမ်းလှပတယ်။

စာသင်ချိန်မှာ ကျောင်းသို့သွား
အိမ်ပြန်ရောက်မှ ဆော့ကစား။

တဝါးဝါး တဟားဟား
တဝါးဝါး တဟားဟား ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်