မိမိကိုယ်ကို ချစ်သည်ဆိုက

" မိမိကိုယ်ကို ချစ်သည်ဆိုက "

မိမိကိုယ်ကို ၊ ချစ်သည်ဆိုက
နုပျိုစဉ်မှ ၊ အိုမင်းရသည့်
ဘဝနောက်ဆုံး ၊ ချုပ်နိဂုံးထိ....

အဆုံးတိုင်ရောက် ၊ ကောင်းဖို့ထောက်၍
စောင့်ရှောက်အပ်လှ....

သုံးပါးအရွယ် ၊ တစ်ရွယ်ရွယ်တွင်
ကျင့်ဖွယ်ကိစ္စ ၊ အဝဝကို
လုံ့လထုတ်ကာ ၊ ကျင့်သုံးရာ၏။

ဖြစ်ရာပေါ်လာ ၊ ကိလေသာကို
မျက်နှာမလွှဲ ၊ သုတ်သင်ပွဲကို
ဆင်နွဲရန်တွက် ၊ မပျက်ကွက်လင့်။ ။

" မောင်သစ္စာ "
" မြန်မာပြည်သား "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်