သူတော်ကောင်း နတ်ကောင်းဆောင်မ
" သူတော်ကောင်း နတ်ကောင်းဆောင်မ "
ဇာတာခွင် စစ်တမ်းမှာဖြင့်
ကံသာလျှင် မညစ်နွမ်းပါက
မိုးဆမ်းသည့် ပန်းအသွင်။
လူလိမ်သာ ညာချင်စမ်းပေတဲ့
လူလိမ္မာ ပညာလွှမ်းပါပေါ့
ချမ်းမြ စိတ်ရွှင်။
ကုသိုလ်သာ ပဓာန ဟာမို့
လမ်းအစ စိတ်ကိုပြင်
ဆင်ခြင်ကွဲ့ မလွတ်တမ်း။
လိမ်မာလျှင်လေ
လူ့ရွာပြေ လူတွေချစ်ယုံမက
ခြောက်ရွာနေ သွေမပစ်တယ်
နတ်ချစ်သည့် လမ်း။ ။
" သစ်ရိပ်ညို "
ဇာတာခွင် စစ်တမ်းမှာဖြင့်
ကံသာလျှင် မညစ်နွမ်းပါက
မိုးဆမ်းသည့် ပန်းအသွင်။
လူလိမ်သာ ညာချင်စမ်းပေတဲ့
လူလိမ္မာ ပညာလွှမ်းပါပေါ့
ချမ်းမြ စိတ်ရွှင်။
ကုသိုလ်သာ ပဓာန ဟာမို့
လမ်းအစ စိတ်ကိုပြင်
ဆင်ခြင်ကွဲ့ မလွတ်တမ်း။
လိမ်မာလျှင်လေ
လူ့ရွာပြေ လူတွေချစ်ယုံမက
ခြောက်ရွာနေ သွေမပစ်တယ်
နတ်ချစ်သည့် လမ်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment