ရွှေမိုးငွေမိုးရွာ

" ရွှေမိုးငွေမိုးရွာ "

ဂျိုးဂျိုးဂျိန်းဂျိန်း
မိုးသံချိန်း
မြည်ဟိန်း ကြယ်လောင်စွာ။

လေအေးဝှေ့တိုး
တောင်လေပျိုး
ရေခိုး အပြည့်ပါ။

ဝဠာအုံ့ဆိုင်း
တိမ်တောင်မှိုင်း
လေရိုင်း ရောလို့လာ။

နေခြည်ငုတ်လျှိုး
တိမ်မြူခိုး
အုပ်စိုး ကောင်းကင်မှာ။

ဖြိုးဖြိုးဖြောက်ဖြောက်
မိုးရေပေါက်
တောက်လျောက် မိုးသည်းရွာ။

ရွှေမိုးငွေမိုး
ရွာသွန်းဖြိုး
တိုင်းကျိုးပြည်ကျိုးသာ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်