ယဉ်တကိုယ် မယ်

” ယဉ်တကိုယ် မယ် ”

ဆီအိမ့်ပို အလွန်ဝ
မမလှ ရယ်။

အနှေးယာဉ် လုပ်သားလေးရဲ့
ဆိုက္ကား နဲ့သယ်။

ထိုင်ခုံက ငယ်ငယ်
တင်တုန်ရယ် မဆန့်။

ပျဉ်ပြားတင် ထိုင်ခုံထက်မှာ
တက်ထိုင် ဖို့ လန့်။ ။

ဆိုက္ကားရှင် ဗလံလေး
နှစ်ဆပေး တောင်းရာ။

ငွေကုန်တာ မနှမျော
ချောအလှ ကညာ။

ဟော စတွေ့ ပါပြီဗျာ
ဂုံးကျော်မှာ ဆင်းလို့တွန်း။

ကျော နေပူ
ပြိုက်ပြိုက်ဆူ ချွေးသံနှော တယ်
မောဟိုက် လှလွန်း။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်