အတုရှိတော့အမှုလာ

" အတုရှိတော့အမှုလာ "

တုယှဉ်ပြိုင် သည်စနက်ကယ်ကြောင့်
အမှုရင်ဆိုင် အဖြေခက်စရာပေါ့
စဉ်အဆက် ရတက်ပွေ
ဘဝမှာလေ။
လောဘ ဒေါသ မောဟထွေ
သောကဝေ အတ္တများ။
အေးငြိမ်းရာ တရားရိပ်မှာ
မှေးမှိတ်လို့ နား။ ။

အတုကင်းမှ အမှုအခင်းမလာ
ပြုခြင်းက သမုဖြာ
လူ့တို့ပြည်ရွာ။
အပြစ်ပြောလည်း အပိုသာ
အေနမွန္တာ သင့်အကြောင်း။
နောင်တချိန် တကယ်တိမ်းသူက
သူ့ကိန်းနဲ့ သူ့သဒ္ဓါ
အမှန်ဟာ ပေါ်လာမြဲပေမို့
သည်းခံလို့ပေါင်း။ ။

အမှုက တုတယ်
အတုက အမှုဝယ်
တုမှုဆက်သွယ်။
လူ့ဘဝ ခဏတာဝယ်
လိမ်လည်တာ သူ့အကြောင်း။
နောင်ဝယ်မယ် ဒီလူတောင်းကို
ပေါင်းသင့်မှပေါင်း။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်