ငယ်နုလန်းရွှင်

" ငယ်နုလန်းရွှင် "

ဘဲပေါက်စလေး ခပ်ငယ်ငယ်
ရေကန်လေးအလယ်။

ကြက်ပေါက်စငယ် အစာရှာထွက်
ဘယ်ညာခြေစုံယက်။

ကြောင်ကလေးက တိမ်းဝှက်ကာ
ကြွက်ချောင်းဟန်ပါပါ။

ခွေးလေးငယ်မှာ ဟောင်ကာပြ
ဝုတ်ဝုတ်သံချိုမြ။

နွားလေးပေါက်စ မြူးတူးစွာ
ခုန်ပေါက်ပြေးလွှားကာ။

သနားစရာ ယုန်ကလေး
မျက်လုံးပန်းရောင်သွေး။

သေးကွေးနုနယ် ချစ်စဖွယ်
အပြစ်ကင်းစင်ကြယ်။

ငယ်ငယ်ရွယ်ရွယ် ဆော့ကစား
ဟန်မူရယ်ကွဲပြား။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်