ကောင်းသတင်း

” ကောင်းသတင်း ”

အကျိုးလို အကျိုးပျက်
တိုးတက်တဲ့ သတင်းရယ်။

ကောင်းခြင်းနှင့် မကောင်းခြင်း
အပေါင်းသင်းတို့ သိပါတယ်။

ခွဲခြားသိ ရှိဖို့ရယ်
ငြိတွယ်ကာ မနစ်မွန်းစေနှင့်။

တို့ပြည်သူ တို့အကျိုးကို
တိုးတက် စေသင့်။ ။

ကောင်းတာကို လူအများ
လိုလားသော် လည်းကွယ်။

စိတ်ပျော်ရာ ခြေတင်ငြင်း
သတင်းကို ကြိုက်တယ်။

လှော်စာနဲ့ ရစ်မူးတွယ်
အမှန်ဖယ် ပုဂ္ဂိုလ်စွဲ။

ယောင်းရင်းတို့ရေ
ကောင်းခြင်းဖွေ ထိုသတင်းကို
မင်း ကြိုက်တာ လွဲ။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်