မေမေ့ရင်သွေး သားရွှေသွေး
" မေမေ့ရင်သွေး သားရွှေသွေး "
ပုတုသေးကွေး သားရွှေသွေး
ဖြူစင်အေးမြ စိတ်ထားလှ။
နုနုနယ်နယ် ချစ်စဖွယ်
လိမ္မာယဉ်ကျေး မယ့်ရင်သွေး။
ပြုံးလျက်မူယာ ပီတိဖြာ
ပန်းကလေးလို လန်းဆန်းစွာ။
ရီကာပြုံးလျှက် ခွန်းချိုသွဲ့
ချိုမိုင်မိုင်တေး လှုပ်လဲ့လဲ့ ။
လိုအင်ဆန္ဒ တောင်းတဲ့ခါ
ခွန်းချိုတီတာ ပြောတတ်စွာ။
ပြုံးချိုမြမြ ပြောဆိုပြ
မေမေ ဘဘ ပီပီသ။
ရေချိုးလက်သည်း လှီးတဲ့ခါ
မေမေ့သားလေး မငြင်းပါ။
မေမေ့ရင်ခွင် အိပ်စက်မှေး
ကြည်သာချိုအေး မျက်နှာလေး။
ကစားစရာ နှစ်သက်စွာ
ဘောလုံးကလေး ကိုင်ဆော့ကာ။
လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ပြေး
မေမေ့ရင်သွေး သာရွှေသွေး။ ။
" သစ်ရိပ်ညို "
ပုတုသေးကွေး သားရွှေသွေး
ဖြူစင်အေးမြ စိတ်ထားလှ။
နုနုနယ်နယ် ချစ်စဖွယ်
လိမ္မာယဉ်ကျေး မယ့်ရင်သွေး။
ပြုံးလျက်မူယာ ပီတိဖြာ
ပန်းကလေးလို လန်းဆန်းစွာ။
ရီကာပြုံးလျှက် ခွန်းချိုသွဲ့
ချိုမိုင်မိုင်တေး လှုပ်လဲ့လဲ့ ။
လိုအင်ဆန္ဒ တောင်းတဲ့ခါ
ခွန်းချိုတီတာ ပြောတတ်စွာ။
ပြုံးချိုမြမြ ပြောဆိုပြ
မေမေ ဘဘ ပီပီသ။
ရေချိုးလက်သည်း လှီးတဲ့ခါ
မေမေ့သားလေး မငြင်းပါ။
မေမေ့ရင်ခွင် အိပ်စက်မှေး
ကြည်သာချိုအေး မျက်နှာလေး။
ကစားစရာ နှစ်သက်စွာ
ဘောလုံးကလေး ကိုင်ဆော့ကာ။
လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ပြေး
မေမေ့ရင်သွေး သာရွှေသွေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment