ဒုတိယအရွယ်
" ဒုတိယအရွယ် "
ပျော်ရွှင်လျပ်ပါး ၊ လောင်းကစားနှင့်
ဆေးဝါးမူးရစ် ၊ ခုံမချစ်ဘဲ
ထုဆစ်တိုးတက် ၊ ဘဝတွက်တာ
အသက်မွေးမှု ၊ အစုစုတွင်
တစ်ခုမိရ ၊ ကြိုးစားကြသော်
ပျားလှပိတုန်း ၊ ဝတ်ရည်သုံးသို့
စုရုံးသည့်မိတ် ၊ ပုရွက်ဆိတ်သို့
ထိုးဆိတ်ရှာစား ၊ ငှက်ပျံလွှားသို့
မနားမနေ ၊ အင်အားစေလျက်
ရွှေငွေဥစ္စာ ၊ ရှာဖွေရာ၌
လိမ်ညာရှောင်ရှား ၊ ကိုယ့်လုပ်အားဖြင့်
တရားနည်းကျ ၊ ရှာဖွေကြရင်း
ဝမ်းလှစိုပြည် ၊ လူစဉ်မီအောင်
ခေတ်မီအတွေး ၊ ပညာရေးနှင့်
ဆိုရေးဆိုမှု ၊ ကောင်းအောင်ပြုလော့။
စုတုပြုသော သားရွှေစင်။ ။
" သစ်ရိပ်ညို "
ပျော်ရွှင်လျပ်ပါး ၊ လောင်းကစားနှင့်
ဆေးဝါးမူးရစ် ၊ ခုံမချစ်ဘဲ
ထုဆစ်တိုးတက် ၊ ဘဝတွက်တာ
အသက်မွေးမှု ၊ အစုစုတွင်
တစ်ခုမိရ ၊ ကြိုးစားကြသော်
ပျားလှပိတုန်း ၊ ဝတ်ရည်သုံးသို့
စုရုံးသည့်မိတ် ၊ ပုရွက်ဆိတ်သို့
ထိုးဆိတ်ရှာစား ၊ ငှက်ပျံလွှားသို့
မနားမနေ ၊ အင်အားစေလျက်
ရွှေငွေဥစ္စာ ၊ ရှာဖွေရာ၌
လိမ်ညာရှောင်ရှား ၊ ကိုယ့်လုပ်အားဖြင့်
တရားနည်းကျ ၊ ရှာဖွေကြရင်း
ဝမ်းလှစိုပြည် ၊ လူစဉ်မီအောင်
ခေတ်မီအတွေး ၊ ပညာရေးနှင့်
ဆိုရေးဆိုမှု ၊ ကောင်းအောင်ပြုလော့။
စုတုပြုသော သားရွှေစင်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment