ဒီစာတွေ့ရင် ပြန်လာပါ
" ဒီစာတွေ့ရင် ပြန်လာပါ "
ကျောင်းပျော်ငယ်ရင်း ၊ သူငယ်ချင်းရေ
လယ်ကွင်းထဲမှာ ၊ ငါမြင်တာဖြင့်
သာယာရှုမော ၊ တို့ယာတောက
ကျယ်ပြောလွင်ပြင် ၊ စိမ်းမြရွှင်လျက်
သစ်လွင်စွင့်လန်း လာပြီလေ။
သည်နံနက်ခင်း ၊ ရှင်နေမင်းက
နေ့ခင်းရက်သာ ၊ မင်္ဂလာဟု
ရောင်ဖြာထွန်းလင်း ၊ ရွှေရည်ဝင်းလို့
ဖြန့်ဆင်းနိုးထ ၊ ဆင်းဟန်ကြွတာ
ဝေးကလှမ်းမြင် ရတယ်လေ။
သံသာတွန်ကျူး ၊ ကျေးငှက်မြူးတဲ့
ကွင်းဦးလယ်ယာ ၊ တလွှားမှာလည်း
ပျံကာဝေ့ဝဲ ၊ တေးဆိုဆဲပေါ့
ပေါက်လဲမို့ပွင့် ၊ ဝေဟင်လွင့်သို့
မိုးမြင့်တိမ်ယံ ထဲကိုလေ။
လယ်ကန်သင်းကြား ၊ ပုဇွန် ငါးအပြင်
စားဖား ကြွက်တွင်း ၊ ငါးရှည့်တွင်းတွေ
ရှာရင်းဖွေရင်း ၊ ပျော်ခဲ့ရင်းက
မင်းတို့နဲ့ ငါ ၊ တစ်မြို့တစ်ရွာစီ
ခွဲခွာ ခဲ့တာ ကြာပြီလေ။
ငယ်စဉ်တောင်ကျေး ၊ တို့ရွာလေးကို
ပြန်တွေးကြည့်ပါ သူငယ်ချင်း။
ဟိုနှောင်းအတိတ် ၊ ငါ့ရဲ့စိတ်မှာ
စီးဖိတ်ယိုဆင်း ၊ တို့ရောင်းရင်းတို့
ချစ်ခြင်းမုန်းခြင်း ၊ ကွဲကွာခြင်းတွက်
တွေးရင်းသတိရ မိတယ်လေ။
မင်းတို့တစ်တွေ ၊ ဘယ်ရောက်နေလဲ
မာစေသာကြောင်း ၊ ငါဆုတောင်းရင်း
ရွာဟောင်းရင်ပြင် ၊ ယာတောခွင်မှာ
ငယ်ပင်ငယ်သွေး ၊ လေပြေအေးတို့
တစ်ရေးနိုးထ ၊ ကြည်စယ်လှပေါ့
ငယ်က သူငယ်ချင်း တို့ရေ။ ။
" သစ်ရိပ်ညို "
ကျောင်းပျော်ငယ်ရင်း ၊ သူငယ်ချင်းရေ
လယ်ကွင်းထဲမှာ ၊ ငါမြင်တာဖြင့်
သာယာရှုမော ၊ တို့ယာတောက
ကျယ်ပြောလွင်ပြင် ၊ စိမ်းမြရွှင်လျက်
သစ်လွင်စွင့်လန်း လာပြီလေ။
သည်နံနက်ခင်း ၊ ရှင်နေမင်းက
နေ့ခင်းရက်သာ ၊ မင်္ဂလာဟု
ရောင်ဖြာထွန်းလင်း ၊ ရွှေရည်ဝင်းလို့
ဖြန့်ဆင်းနိုးထ ၊ ဆင်းဟန်ကြွတာ
ဝေးကလှမ်းမြင် ရတယ်လေ။
သံသာတွန်ကျူး ၊ ကျေးငှက်မြူးတဲ့
ကွင်းဦးလယ်ယာ ၊ တလွှားမှာလည်း
ပျံကာဝေ့ဝဲ ၊ တေးဆိုဆဲပေါ့
ပေါက်လဲမို့ပွင့် ၊ ဝေဟင်လွင့်သို့
မိုးမြင့်တိမ်ယံ ထဲကိုလေ။
လယ်ကန်သင်းကြား ၊ ပုဇွန် ငါးအပြင်
စားဖား ကြွက်တွင်း ၊ ငါးရှည့်တွင်းတွေ
ရှာရင်းဖွေရင်း ၊ ပျော်ခဲ့ရင်းက
မင်းတို့နဲ့ ငါ ၊ တစ်မြို့တစ်ရွာစီ
ခွဲခွာ ခဲ့တာ ကြာပြီလေ။
ငယ်စဉ်တောင်ကျေး ၊ တို့ရွာလေးကို
ပြန်တွေးကြည့်ပါ သူငယ်ချင်း။
ဟိုနှောင်းအတိတ် ၊ ငါ့ရဲ့စိတ်မှာ
စီးဖိတ်ယိုဆင်း ၊ တို့ရောင်းရင်းတို့
ချစ်ခြင်းမုန်းခြင်း ၊ ကွဲကွာခြင်းတွက်
တွေးရင်းသတိရ မိတယ်လေ။
မင်းတို့တစ်တွေ ၊ ဘယ်ရောက်နေလဲ
မာစေသာကြောင်း ၊ ငါဆုတောင်းရင်း
ရွာဟောင်းရင်ပြင် ၊ ယာတောခွင်မှာ
ငယ်ပင်ငယ်သွေး ၊ လေပြေအေးတို့
တစ်ရေးနိုးထ ၊ ကြည်စယ်လှပေါ့
ငယ်က သူငယ်ချင်း တို့ရေ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment