အထက်ဘုံ အောက်ဘုံ
" အထက်ဘုံ အောက်ဘုံ "
အတ္တကို အခြေခံ
ဒုစရိုက် မှန်သမျှ
ပေါင်းစည်းရ လွယ်သည်။
ပြိုကွဲလွယ် မှန်သည်။
သီလကို အခြေခံ
သုစရိုက် မှန်သမျှ
ဆောက်တည်ရ ခက်သည်
ဖြိုခွဲခက် ခိုင်မြဲသည်။ ။
လိမ်လည် ခိုးသား ၊ လုယက်များနှင့်
ဓားပြ ပုန်ကန် ၊ စုလွယ်မှန်၏။
ချိန်တန် ပြည့်ဖြိုး ၊ အင်အား တိုးသော်
ဂျိုကျိုး နွားနှယ် ၊ ပြိုကွဲလွယ်၏။
ရှင်သူမြတ်လောင်း ၊ ရှင်အပေါင်းနှင့်
လူကောင်းလူတော် ၊ လူသူတော်တို့
ပေါင်းဖေါ်ယှဉ်တွဲ ၊ ခိုင်ကြည်မြဲလျက်
မကွဲကျောက်တိုင် ၊ မယိမ်းယိုင်တည့်။ ။
သီလဖြူစင် ၊ စိတ်ကြည်လင် ၊ အမြင်ရှင်းလင်း၏။
အတ္တလွန်ကျူး ၊ ဒေါသမြူး ၊ သူရူးဝေဝါး၏။
အဖြူအမည်း ၊ အဓိပ္ပါယ်ကွဲ ၊ စဉ်မြဲသတိရှိ။
ကောင်းမှုကံကျိုး ၊ ရေရှည်ပျိုး ၊ နှောင်ကြိုးကင်းပ၏။
မကောင်းမှုကံ ၊ သဒ္ဓါပြန် ၊ ချိန်တန်ပျက်ဆီး၏။
လမ်းစဉ်အမှန် ၊ မြဲကျင့်ကြံ ၊ ထင်ကျန်ကောင်းကျိုးတည့်။ ။
" သစ်ရိပ်ညို "
အတ္တကို အခြေခံ
ဒုစရိုက် မှန်သမျှ
ပေါင်းစည်းရ လွယ်သည်။
ပြိုကွဲလွယ် မှန်သည်။
သီလကို အခြေခံ
သုစရိုက် မှန်သမျှ
ဆောက်တည်ရ ခက်သည်
ဖြိုခွဲခက် ခိုင်မြဲသည်။ ။
လိမ်လည် ခိုးသား ၊ လုယက်များနှင့်
ဓားပြ ပုန်ကန် ၊ စုလွယ်မှန်၏။
ချိန်တန် ပြည့်ဖြိုး ၊ အင်အား တိုးသော်
ဂျိုကျိုး နွားနှယ် ၊ ပြိုကွဲလွယ်၏။
ရှင်သူမြတ်လောင်း ၊ ရှင်အပေါင်းနှင့်
လူကောင်းလူတော် ၊ လူသူတော်တို့
ပေါင်းဖေါ်ယှဉ်တွဲ ၊ ခိုင်ကြည်မြဲလျက်
မကွဲကျောက်တိုင် ၊ မယိမ်းယိုင်တည့်။ ။
သီလဖြူစင် ၊ စိတ်ကြည်လင် ၊ အမြင်ရှင်းလင်း၏။
အတ္တလွန်ကျူး ၊ ဒေါသမြူး ၊ သူရူးဝေဝါး၏။
အဖြူအမည်း ၊ အဓိပ္ပါယ်ကွဲ ၊ စဉ်မြဲသတိရှိ။
ကောင်းမှုကံကျိုး ၊ ရေရှည်ပျိုး ၊ နှောင်ကြိုးကင်းပ၏။
မကောင်းမှုကံ ၊ သဒ္ဓါပြန် ၊ ချိန်တန်ပျက်ဆီး၏။
လမ်းစဉ်အမှန် ၊ မြဲကျင့်ကြံ ၊ ထင်ကျန်ကောင်းကျိုးတည့်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment