သားငယ်​​ရွှေ​သွေးဘဝ​လေး

"သားငယ်ရွှေသွေး ဘဝလေး"

သားသားကြီးရင် ဘာဖြစ်ချင်
သူဌေးကြီးဖြစ်ချင်
သူဌေးဖြစ်ချင် သူဌေးလိုကျင့်။

သားသားကြီးရင် ဘာဖြစ်ချင်
ဘုရင်ကြီးဖြစ်ချင်
ဘုရင်ဖြစ်ချင် ဘုရင်လိုကျင့်။

သားသားကြီးရင် ဘာဖြစ်ချင်
ကုန်သည်ကြီးဖြစ်ချင်
ကုန်သည်ဖြစ်ချင် ကုန်သည်လိုကျင့်။

သားသားကြီးရင် ဘာဖြစ်ချင်
ပညာတတ်ဖြစ်ချင်
ပညာတတ်ချင် ပညာကိုကျင့်။

လူဆိုတာဟာ ရည်ရွယ်ရာ
ကိုယ်မှာထားရှိ ဘဝသိဖြင့်။

သတိမြဲစွာ စိတ်ခိုင်မာ
လားရာဖြောင့်ထား ရောက်အောင်သွားလော့။

ကျင့်ပွားသုတ ချိုးမကျ
နွမ်းလျညှိုးမှာ ကြောက်တတ်ပါရှင့်။

သူငါဖျက်ဆီး ရန်စွယ်မီး
ပယ်ပြီးနွဲ့ယိမ်း လွတ်အောင်တိမ်းပေါ့။

စောင့်ထိန်းတည်ငြိမ် ဖန်မီးအိမ်
ချိုးနှိမ်မာန ခဝါချသင့်။

စိတ်ကျယစ်မူး အကျင့်ရူး
လွန့်လူးညွှံမှာ နစ်တတ်စွာတည့်။

သားငယ်လူလေး မောင်ရွှေသွေးရေ
မှိုင်ငေးလို့လဲ မနေနဲ့။

သားငယ်လူလှ မင်းဘဝကို
မာနနဲ့လဲ မစေနဲ့။

ခုမှအစ မင်းဘဝကို
မုန်းစကိုတို တည့်မတ်လိုက
ချစ်စကိုရှည် တည့်မတ်လေတော့။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်