အိပ်​မက်​ထဲကလက်​တွဲ​ဖေါ်

”အိပ်မက်ထဲက လက်တွဲဖေါ် ”

စာပေ မကျ ၊ ပြုပြင်စ မို့
ဂန သေချာ ၊ မပြည့် ပါလည်း
တိုင်းထွာ သူ့အား ၊ စာစကား ဖြင့်
အမှား ငါ့မှာ ရှိခဲ့သည်။

စာပေ လက်သင် ၊ ငယ်ချိန်တွင် မှ
ငါပင် မပြည့် ၊ သူမတွေ့ နိုင်
လေ့လာ နေဆဲ ၊ ငယ်သူပဲ ကို
လမ်းခွဲ ဖြစ်တာ ငါမှားသည်။

မှားပြီးရင်း မှား ၊ သဘောထား က
ခြုံကြား ဘဝင် ၊ ငါကွဲ့ ထင်၍
ငါလျှင် နောင်တ ၊ နေ့တိုင်း တသည်
လွမ်းလှ ချည်ရဲ့ မမေ့ပြီ။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်