ရွက်​ကျပင်​​ပေါက်​ဝါဒ

" ရွက်ကျပင်ပေါက် ဝါဒ "

နေစိမ့်ပြီပေါ့
ကြွေလိမ့်တဲ့ ရော်ရွက်ဝါ
မျှော်လျှက်သာ မယ့်ဆုတောင်း
ပင်လောင်းဝေဖြာ။

ထိန်းသိမ်းပါ မျိုးဗီဇ
ရိုးအီလှ စွဲမြဲစွာ
ကျိုးညီမျှ ခက်ဝေဆာ
တက်နေခြည်ဖြာ။

ရွက်ညောင်းညှာ ချွေစေတော့
သက်လျောင်းကာ ကြွေလေပေါ့
မြေပဒေသာ ငုတ်လျှိုးလို့
ဩဇာတိုး မျိုးကျက်သရေ
ရွက်ကျမြေ ပင်ပေါက်ဟန်က
ပင်ထောက်ခံ ခက်နွယ်စိမ်းတယ်
ယိမ်းနွဲ့ ချည်သေး။

ဆောင်ယောင်ရယ် မပါ
အောင်မြင်ဖွယ် တင့်ဆန်းသာမှ
ရိုးဂုဏ်ဖြာ တကယ် အဆင်းပါကွဲ့
မြေဆင်းကာ ထွက်ပေါ်တိုးလို့
ကြိုးစားစို့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်