ရွှေမြန်​မာ

" ရွှေ မြန် မာ "

(ဘယ်ဘက်မှာ တစ်ဆုပ်ကျဲလို့
ညာဘက်က တစ်လှည်းဝင်
ယဉ်ပေ့ အဆင်။)၂

(လှူဒါန်းကြ မြန်ပြည်တခွင်ဝယ်
သဒ္ဓါရှင် ကူဖေး။)၂

(လှူဖွယ်ရေးမို့ မနှေးပါဝင်)၂
စေတနာရှင် အလှူပွဲမယ်
ကွယ်......
နွှဲဆင်စို့လေး။ ။

" ဒိုးပတ် သံ "

" သံချပ် "

သာသနာ့အရောင် ထွန်းလင်းပြောင်
ဆောင်ယောင်လှူဒါန်း သဒ္ဓါပန်းလေ့။

ပန်ဆင်မြန်းတဲ့ သာသနာ့အမွေ
တို့ပြေတို့မြေ ထိန်းသိမ်းကြစို့။

တို့ပြေတို့မြေ ထိန်းသိမ်းကြစို့
ပန်ဆင်မြန်းတဲ့ သာသနာ့အမွေ။

မြန်ပြေအကျိုး သယ်ပိုးဆောင်
တိုးတက်လာအောင် ကြိုးစားကြစို့။

တိုးတက်လာအောင် ကြိုးစားကြစို့
မြန်ပြည်အကျိုး သယ်ပိုးဆောင်။

တို့တိုင်းပြည်ရဲ့ လယ်ယာမြေ
တို့တွေကာကွယ် စောင့်ရှောက်စို့လား။

တို့တွေကာကွယ် စောင့်ရှောက်စို့လား
တို့တိုင်းပြည်ရဲ့ လယ်ယာမြေ။

ဝိသမလောဘ အပြုတ်နှံ
အငုတ်မကျန်အောင် ရှင်းစို့လင်းစို့။

အငုတ်မကျန်အောင် ရှင်းစို့လင်းစို့
ဝိသမလောဘ အပြုတ်နှံ။

တို့ပြည်ရေတိုး ဒုက္ခဝေ
တို့ပြည်သူတွေ လှူကြတန်းကြ။

တို့ပြည်သူတွေ လှူကြတန်းကြ
တို့ပြည်ရေတိုး ဒုက္ခဝေ။

ချမ်းသာသူများ သဒ္ဓါပွား
မခြားပြည်သူ ပေါင်းစုလှူဟေ့။

မခြားပြည်သူ ပေါင်းစုလှူဟေ့
ချမ်းသာသူများ သဒ္ဓါပွား။

ဟေ့ စိမ်လား ဟေ့ မြလား
ဟေးလားမောင်တို့ ဝါး။ ။

" ဒိုးလုံးသံ "

(နိုင်ငံ့ရှင် ဥာဏ်ကိုမြှင့်
ရေမြင့်မှ ကြာတင့်တယ်
အဆင် သင့်ဖွယ်။)၂

(ကြိုတွေးမှ နိုင်ငံ့ဂုဏ်ထည်
ဦးဆောင်ဖွယ် ပြတ်သား။)၂

(ရပ်ခြားရဲ့ တဏှာကျွန်မယ်)၂
သဒ္ဓါလွန် ကျွန်ဖြစ်လိမ့်မလွဲ
ယခုထဲက တာဝန်တည်ဖွယ်
အလိုကွယ်.......
ပြည်သူ့အင်အား။ ။

" လေးညင်းသံ "

" စောင်းသံ "

ပြည် ထောင် ကို ဗ ဟို ပြု
ညီ အောင် စု ရပ် တည်
ပြည် ထောင် စု မြန် မာ ပြည်မှာ
စံ ဋ္ဌာ နည် ပြည့် ဝန်း။

တိုင်း ရင်း သား လူ မျိုး စုံစွာ
မြတ် နိုး ဆုံ ခို လှုံ သည့် ကျွန်း။

ပြည့် ပိုင် နက် ပင် လယ် ပြင်ရယ်
မြစ် ချောင်း ဆည် ရေ သွန်း။

အ မှန် ပင် လွန် ကျယ် ဝန်းလို့
စံ ညွှန်း တင့် ဝေ ဆာ။

ရှေး အစဉ် ဆက် မျိုး ဆက် ဆွေ ငယ်
တိုး တက် စေ နောင် ကောင်း ဖို့ ရာ။

ဆင် မြန်း သင့် ပန်း ပ မာ နှယ်
ပွင့် လန်း ဖြာ နိုင် ငံ့ အရေး ဟာမို့
ကူ ညီ ဖေး တွေး ဆ ကြံ
ပေါင်း စု ကြ ရန်။

သာ သနာ ပြု အပ် ကြောင်း မှန်ကို
ပင် လောင်း သန် တိုး မြှင့် စို့ လေး။ ။

🎼🎵🎶🎧🎼🎵🎶

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်