အဆင်းတန်ဆာ
" အဆင်းတန်ဆာ "
ရွှေခြေကျင်း ရယ်နှင့်
လက်ကောက်ကွင်း ဘယက်စုံစွာ
မြပုဝါ ခြုံလွှာ။
ရွှေဆံထိုး ထိုးလျက်သာ
ဆံထုံးမှာ ရွှေဘီး။
နားတောင်း စိန်ရွှေကွပ်ပါလို့
ပတ္တမြားလက်စွပ် တသွယ်
စိန်ကြယ်ရွှေသီး။ ။
မြပုဝါ မျက်နှာဖုံးနှင့်
ရှု ဦးကွဲ့ ဆင်းတန်စွာ
လှရက်လေတာ။
ကိုယ်လုံးက ခိုင်ရွှေညှာ
လည်တိုင်ဖြာ ကျော့ရှင်း။
ခါးတင်ရင် ခြေလက်မှုန်းတယ်
ပြုံးပန်းဝေသင်း။ ။
" သစ်ရိပ်ညို "
ရွှေခြေကျင်း ရယ်နှင့်
လက်ကောက်ကွင်း ဘယက်စုံစွာ
မြပုဝါ ခြုံလွှာ။
ရွှေဆံထိုး ထိုးလျက်သာ
ဆံထုံးမှာ ရွှေဘီး။
နားတောင်း စိန်ရွှေကွပ်ပါလို့
ပတ္တမြားလက်စွပ် တသွယ်
စိန်ကြယ်ရွှေသီး။ ။
မြပုဝါ မျက်နှာဖုံးနှင့်
ရှု ဦးကွဲ့ ဆင်းတန်စွာ
လှရက်လေတာ။
ကိုယ်လုံးက ခိုင်ရွှေညှာ
လည်တိုင်ဖြာ ကျော့ရှင်း။
ခါးတင်ရင် ခြေလက်မှုန်းတယ်
ပြုံးပန်းဝေသင်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment