အက္ခရာတိုင်းပြည်

" အက္ခရာတိုင်းပြည် "

ကဗျာလှ
စာသတဲ့ တို့တိုင်းပြည်
တို့မြန်ပြည် စုံမြိုင်တွင်း
ထွေခင်းလို့သီ။

အသက်သွင်း ခဲ့
လက်ရင်းမူ အက္ခရာ စာသားမှာဖြင့်
ချက်ခြင်းလူ သတ္တဝါ ဇာတာပွားရသလို
ဆွေသဟာများ ဝိုင်းဖွဲ့ညီ
ပီပြင်လှသည်။

ကဗျာတွင်း စုံမြိုင်ယံမတော့
ဂုဏ်ပြိုင်ဟန် တေးဆိုညင်းတယ်
သာယာသင်း မွှေးပျံ့ကြည်
သိုင်းဖွဲ့ချီ မာယာအသွေး။

စာနရီ သံသာဆီသို့
ဖန်လာပြီ ကာရန်ချိုးကာဖြင့်
ဆွေမျိုးညာတကာ
အက္ခရာ သည်​စာလုံးတို့ရယ်
စုရုံးဖွဲ့တေး။

ပြုထုံးသွဲ့ နွဲ့ပလီစွာ
ညီညီညာ ချို​အေး။
ဖွဲ့တည်လာ သံစဉ်ကွဲသော်လည်း
ကာရန်ထဲ တက်ကျကာ လှစေရဲ့
ခက်မ ဖြာ ပိုက်စုံစု လိုက်ရင်
ဂရု လဟု စုံညီစွာဖြင့်
ရတု ရကန် အဲ အံ အိုင်ချင်း တို့လို
စွဲဖန်ကြိုင်သင်း လှစေပေါ့
ထွေခင်းစို့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး