အေးငြိမ်းသာယာ

" အေး ငြိမ်း သာ ယာ "

လေ တင် ညှာ ကူး ၊ ပင့် လေ ရူး လျှင်
ရွှင် မြူး သော့ သော့ ၊ ဟန် ကြော့ ကြော့ နှင့်
ဖျော့ ဖျော့ ရစ် နွယ် ၊ ဆင်း ရိပ် ကြွယ် သား
ဆံ နွယ် လျှပ် လျှပ် ၊ တ ဖျတ် ဖျတ် သာ
ထပ် ထပ် လူး သည် ၊ ချော့ မြှူ သီ လို့
လေ ပြည် သာ မှ ၊ အေး တော့ သည် ။

နွေ ဂိ မှန် တ ၊ နေ ချည် ခ သော်
နွမ်း လျ ဖျော့ စိတ် ၊ ချွေး စို့ သိပ် ဖို့
သစ် ရိပ် ညို အောက် ၊ နေ ခို လျှောက် ရန်
တ ထောက် ခို နား ၊ ခ ရီး သွား မှာ
အင် အား ကို ချီ ၊ မော ပန်း သည် တွင်
လေ ပြည် ဖြာ ကျ ၊ သွေး တော့ သည် ။

ဝေ ရွှန်း ခက် ပျို ၊ အေး ရိပ် ပို သား
နန်း ညို သစ် ရိပ် ၊ လေ မွှေ့ အိပ် ယာ
ငွေ့ ထိပ် မျက် ရင်း ၊ ရွေ့ ရွေ့ ဆင်း စဲ
"မ" ခြင်း ခ ဏ ၊ ပြန် ၍ ကျ ကာ
စဉ်း လှ ဝေ ရီ ၊ မျက် လွှာ အီ သည်
လေ ပြည် လာ စ ၊ မှေး တော့ သည် ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်