သည်လမ်းထဲ
" သည်လမ်းထဲ "
သဇင်လမ်း
မျှော်မှန်းမိတယ်။
တွေ့ချင်တယ် မယ်ခင့်အား။
ဟိုအဆင် ပင်ရိပ်အေးက
မင်းလေးပေလား။ ။
ခင်ပျိုလေး
ယဉ်ကျေးလို့ ချိုသာ။
သံသာယာ ကြည်အေး။
နားစည်မှာ ဂွမ်းဆီအိ
ထိမိခဲ့သေး။
ကြည်ကြည်ဖြူ
မူနွဲ့နွဲ့ သူ့သွင်။
ကြည်လင်ကာ ရွှင်မဆုံး။
နဂိုယဉ် မယ်ခင်လေးက
အေးမြဖွယ်ပြုံး။
ပင့်သက်ဆွေး
ဝေးရက်က ရှည်ရှည်။
လွမ်းမိုးစွေ ဖြေနိုင်ဘူး။
ပန်းသခင် ရင်ခတ်ပန်းကို
ရမ်းရော်လို့ရူး။ ။
" သစ်ရိပ်ညို "
သဇင်လမ်း
မျှော်မှန်းမိတယ်။
တွေ့ချင်တယ် မယ်ခင့်အား။
ဟိုအဆင် ပင်ရိပ်အေးက
မင်းလေးပေလား။ ။
ခင်ပျိုလေး
ယဉ်ကျေးလို့ ချိုသာ။
သံသာယာ ကြည်အေး။
နားစည်မှာ ဂွမ်းဆီအိ
ထိမိခဲ့သေး။
ကြည်ကြည်ဖြူ
မူနွဲ့နွဲ့ သူ့သွင်။
ကြည်လင်ကာ ရွှင်မဆုံး။
နဂိုယဉ် မယ်ခင်လေးက
အေးမြဖွယ်ပြုံး။
ပင့်သက်ဆွေး
ဝေးရက်က ရှည်ရှည်။
လွမ်းမိုးစွေ ဖြေနိုင်ဘူး။
ပန်းသခင် ရင်ခတ်ပန်းကို
ရမ်းရော်လို့ရူး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment