တတိယလမ်းစဉ်
” တတိယ လမ်းစဉ် ”
အိပ်မက် ညများ ၊ လွန်ရှည်လျား လျက်
ရွေ့ရှား ဖြစ်တည် ၊ အလီလီ ပင်
ရပ်တည် စုဝေး ၊ လူတို့ မွေးကာ
ဟိုရှေး မှစ ၊ ခု ဘဝ ထိ
ဘဝ များစွာ ၊ ချိတ်ဆက် လာသည်
နောင်လျှင် မပြတ် ရှိဦးမည်။
X မျဉ်း တစ်ကြောင်း ၊ Y မျဉ်းကြောင်း နှင့်
ပူးပေါင်း ထိစပ် ၊ အမှတ် ဖြတ်တွင်
ထောင့်မတ် တင်ထိပ် ၊ Z မျဉ်း ချိတ်သို့
အတိတ် X မျဉ်း ၊ မျက်မှောက် ဆင်းသည့်
Y မျဉ်း အဖြတ် ၊ အနာဂတ် သည်
သတ်မှတ် Zမျဉ်း ဖြစ်လာသည်။
အသင်္ခတ ၊ သင်္ခတ ကို
ဗုဒ္ဓ တရား ၊ လွန်ကွဲပြား အောင်
ပိုင်းခြား ထင်ထင် ၊ ဥာဏ်မဂ်ဂင် ဖြင့်
လိုအင် ဆန္ဒ ၊ ကိလေသ တို့
ဒုက္ခ ငြိမ်းရာ ၊ လမ်းပြ ပါ၍
လွန်စွာ တန်ဘိုး ထိုက်လှသည်။
အတိတ်က ကံ ၊ ပစ္စုပ္ပန် နှင့်
ဆက်ရန် မပြတ် ၊ အနာဂတ် ဟု
သတ်မှတ် အချိန် ၊ ထိုအချိန် သည်
တိမ်ကော ကွယ်ပျောက် ၊ အရွေ့ ဖောက်လျက်
တောက်လျောက် ပြောင်းလဲ ၊ နေသည်ပဲ မို့
မြဲသည့် အချိန် မရှိပါ။
ဤနည်း ထို့တူ ၊ နေရာ ဟူလည်း
အယူ အမှတ် ၊ ပြောင်းလဲ တတ်၍
သတ်မှတ် နေရာ ၊ မရှိ ပါဟု
ချိန်ခါ နည်းတူ ၊ မရှိ ဟူ၍
လွယ်ကူ ခွဲခြား သိရမည်။
နေရာ X ပေါ် ၊ အချိန် ခေါ်လျက်
Y သော် မျဉ်းဖြတ် ၊ Z ထောင်မတ်ရန်
အသင်္ခတ ၊ သင်္ခတ နှင့်
ဆန္ဒ အလို ၊ တဏှာ ကိုလျှင်
ပယ်ဖြို ခွာဖျောက် ၊ နိဗ္ဗာန် ပေါက်အောင်
ရောက်ရှိ နိုင်သည့် တရားတည်း။ ။
” သစ်ရိပ်ညို ”
အိပ်မက် ညများ ၊ လွန်ရှည်လျား လျက်
ရွေ့ရှား ဖြစ်တည် ၊ အလီလီ ပင်
ရပ်တည် စုဝေး ၊ လူတို့ မွေးကာ
ဟိုရှေး မှစ ၊ ခု ဘဝ ထိ
ဘဝ များစွာ ၊ ချိတ်ဆက် လာသည်
နောင်လျှင် မပြတ် ရှိဦးမည်။
X မျဉ်း တစ်ကြောင်း ၊ Y မျဉ်းကြောင်း နှင့်
ပူးပေါင်း ထိစပ် ၊ အမှတ် ဖြတ်တွင်
ထောင့်မတ် တင်ထိပ် ၊ Z မျဉ်း ချိတ်သို့
အတိတ် X မျဉ်း ၊ မျက်မှောက် ဆင်းသည့်
Y မျဉ်း အဖြတ် ၊ အနာဂတ် သည်
သတ်မှတ် Zမျဉ်း ဖြစ်လာသည်။
အသင်္ခတ ၊ သင်္ခတ ကို
ဗုဒ္ဓ တရား ၊ လွန်ကွဲပြား အောင်
ပိုင်းခြား ထင်ထင် ၊ ဥာဏ်မဂ်ဂင် ဖြင့်
လိုအင် ဆန္ဒ ၊ ကိလေသ တို့
ဒုက္ခ ငြိမ်းရာ ၊ လမ်းပြ ပါ၍
လွန်စွာ တန်ဘိုး ထိုက်လှသည်။
အတိတ်က ကံ ၊ ပစ္စုပ္ပန် နှင့်
ဆက်ရန် မပြတ် ၊ အနာဂတ် ဟု
သတ်မှတ် အချိန် ၊ ထိုအချိန် သည်
တိမ်ကော ကွယ်ပျောက် ၊ အရွေ့ ဖောက်လျက်
တောက်လျောက် ပြောင်းလဲ ၊ နေသည်ပဲ မို့
မြဲသည့် အချိန် မရှိပါ။
ဤနည်း ထို့တူ ၊ နေရာ ဟူလည်း
အယူ အမှတ် ၊ ပြောင်းလဲ တတ်၍
သတ်မှတ် နေရာ ၊ မရှိ ပါဟု
ချိန်ခါ နည်းတူ ၊ မရှိ ဟူ၍
လွယ်ကူ ခွဲခြား သိရမည်။
နေရာ X ပေါ် ၊ အချိန် ခေါ်လျက်
Y သော် မျဉ်းဖြတ် ၊ Z ထောင်မတ်ရန်
အသင်္ခတ ၊ သင်္ခတ နှင့်
ဆန္ဒ အလို ၊ တဏှာ ကိုလျှင်
ပယ်ဖြို ခွာဖျောက် ၊ နိဗ္ဗာန် ပေါက်အောင်
ရောက်ရှိ နိုင်သည့် တရားတည်း။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment