ရွှေဝိဇ္ဇထိုရ်
" ရွှေဝိဇ္ဇထိုရ် "
ရွှေစင်လုပ်သား ၊ ရွှေမှော်သားဟေ့
ရွှေသားမြေကြော ၊ ရွှေသဘောကို
မှော်တောဝိဇ္ဇာ ၊ မှော်ဝိဇ္ဇာကွဲ့
ရွှေရှာမြေအောက် ၊ ကျောက်တောင်ဖေါက်၍
မြေအောက်လှိုင်ဂူ ၊ ကျွမ်းကျင်သူဟေ့
သံတူတိုင်စို့ ၊ ရွှေကျောက်သို့တိုင်
လေချို့ လေကူ ၊ တွင်းအောင်းသူကွဲ့
ရေကူမြေကြော ၊ ရွှေကိုမျောတိုက်
အင်ရောဝိုက်ယူ ၊ ကျွမ်းကျင်သူဟေ့
ရွှေမူကိုင်စမ်း ၊ ပြဒါးဖမ်းမလား
အားစမ်းဖယောင်း ၊ ဒါရွှေချောင်းကွဲ့
မြေအောင်းရွှေနှိုက် ၊ တွင်းကိုဝိုက်လည်
တွင်းစိုက်နက်စွာ ၊ တောင်ဆုပ်သာဟေ့
မြေချုပ်ရွှေမြေ ၊ ရောက်ပါလေက
ဒေါင်စေဗျတ်ထိုး ၊ ရွှေမြေရိုးလှိုက်
ဒေါက်ထိုးဒေါက်ခံ ၊ ဝါးပိတ်သန်လှ
တထိုင်ဟန်တွင်းဖေါက် ၊ မြေမကြောက်ကွဲ့
မြေအောက်တွင်းခေါင်း ၊ တွင်းအိုဟောင်းသာ
မအောင်းရာလို ၊ ငါ့မူဆိုရဲ့ 
ကျင်းဆိုအသစ် ၊ ရွှေအောင်ဖြစ်က
နောင်သစ်တွေ့ရေး ၊ အောင်ကျော်ပေးဟေ့
ရွှေရွေးရွှေမြေ ၊ ပေးလှုဝေမှ
မနေရိုးရာ ၊ မစတာကွဲ့
ကျောက်မှာရွှေမှန်း ၊ နီနက်သန်းပြီး
ဗဟန်းကပ်ခါ ၊ ရွှေကျောဖြာရင်
ကျောက်မှာတူရွင်း ၊ ရွှံ့ နွံဆင်းသို့
အိဆင်းသံတိုင် ၊ ရွှေကိုပိုင်ဟေ့
ပိုင်နိုင်ချမ်းသာ ၊ ရွှေဝိဇ္ဇာတွေ
ရွှေစာမြေကျွေး ၊ အသက်ပေးတည့်။
သစ္စာမဖောက် ၊ မေတ္တာထောက်ခံ
မနှောက်မုသား ၊ ဒါနအားကွဲ့
သူဖားသူယုတ် ၊ လူမဟုတ်သူ
သူနုတ်စားဖား ၊ ငါတို့အားညာ
လှည့်ဖျားလိမ်ယူ ၊ ရိုးအသူအား
ပြုမူသွားရာ ၊ ငါပါပါလို့
ဝိဇ္ဇာထိုရ်ရွှေ ၊ ငါငိုချေပြီ
ရွှေမြေကြောဆီ ၊ စွန့်ခဲ့ပြီတည့် ။ ။
" သစ်ရိပ်ညို "
ရွှေစင်လုပ်သား ၊ ရွှေမှော်သားဟေ့
ရွှေသားမြေကြော ၊ ရွှေသဘောကို
မှော်တောဝိဇ္ဇာ ၊ မှော်ဝိဇ္ဇာကွဲ့
ရွှေရှာမြေအောက် ၊ ကျောက်တောင်ဖေါက်၍
မြေအောက်လှိုင်ဂူ ၊ ကျွမ်းကျင်သူဟေ့
သံတူတိုင်စို့ ၊ ရွှေကျောက်သို့တိုင်
လေချို့ လေကူ ၊ တွင်းအောင်းသူကွဲ့
ရေကူမြေကြော ၊ ရွှေကိုမျောတိုက်
အင်ရောဝိုက်ယူ ၊ ကျွမ်းကျင်သူဟေ့
ရွှေမူကိုင်စမ်း ၊ ပြဒါးဖမ်းမလား
အားစမ်းဖယောင်း ၊ ဒါရွှေချောင်းကွဲ့
မြေအောင်းရွှေနှိုက် ၊ တွင်းကိုဝိုက်လည်
တွင်းစိုက်နက်စွာ ၊ တောင်ဆုပ်သာဟေ့
မြေချုပ်ရွှေမြေ ၊ ရောက်ပါလေက
ဒေါင်စေဗျတ်ထိုး ၊ ရွှေမြေရိုးလှိုက်
ဒေါက်ထိုးဒေါက်ခံ ၊ ဝါးပိတ်သန်လှ
တထိုင်ဟန်တွင်းဖေါက် ၊ မြေမကြောက်ကွဲ့
မြေအောက်တွင်းခေါင်း ၊ တွင်းအိုဟောင်းသာ
မအောင်းရာလို ၊ ငါ့မူဆိုရဲ့ 
ကျင်းဆိုအသစ် ၊ ရွှေအောင်ဖြစ်က
နောင်သစ်တွေ့ရေး ၊ အောင်ကျော်ပေးဟေ့
ရွှေရွေးရွှေမြေ ၊ ပေးလှုဝေမှ
မနေရိုးရာ ၊ မစတာကွဲ့
ကျောက်မှာရွှေမှန်း ၊ နီနက်သန်းပြီး
ဗဟန်းကပ်ခါ ၊ ရွှေကျောဖြာရင်
ကျောက်မှာတူရွင်း ၊ ရွှံ့ နွံဆင်းသို့
အိဆင်းသံတိုင် ၊ ရွှေကိုပိုင်ဟေ့
ပိုင်နိုင်ချမ်းသာ ၊ ရွှေဝိဇ္ဇာတွေ
ရွှေစာမြေကျွေး ၊ အသက်ပေးတည့်။
သစ္စာမဖောက် ၊ မေတ္တာထောက်ခံ
မနှောက်မုသား ၊ ဒါနအားကွဲ့
သူဖားသူယုတ် ၊ လူမဟုတ်သူ
သူနုတ်စားဖား ၊ ငါတို့အားညာ
လှည့်ဖျားလိမ်ယူ ၊ ရိုးအသူအား
ပြုမူသွားရာ ၊ ငါပါပါလို့
ဝိဇ္ဇာထိုရ်ရွှေ ၊ ငါငိုချေပြီ
ရွှေမြေကြောဆီ ၊ စွန့်ခဲ့ပြီတည့် ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment