အချစ်​ဋီကာပါးပါးလ်လ်

" အခ်စ္ဋီကာ ပါးပါးလ်လ် "

ချစ်တယ်စကား ရွှေနှုတ်ဖျားနဲ့
ပြောအားမညီ ဖြစ်တတ်သည်။

ပြောမည်ဆိုကား သတိထားလော့။

ချော့စားပင့်ယူ နင်းချေသူလည်း ရှိတတ်သည်။

တွယ်သူခဏ သမုဒယဟု
လွဲစွယူသုံး ချစ်စိတ်ရှုံးမှ
လုံးလုံးမညှာ စွန့်ပစ်တာလည်း ရှိတတ်သည်။

သည်းလှိုက်ဖြာငို ချစ်တယ်ဆိုပြီး
ပိုမိုခွင့်ရေး သူအလေးသာ
နှာစေးလာက သူခွာချတာ ရှိတတ်သည်။

ရာဂစိတ်တွေး တဏှာပေးမှ
မပေးဖယ်ခွာ ရန်မူတာလည်း ရှိတတ်သည်။

ကျွန်မှာမယား ငါဘုရားဟု
နိုင်စားပြုမူ စေညွှန်သူလည်း ရှိတတ်သည်။

ငယ်သူမြင်တွေ့ လွန်ပျော်မွေ့သည့်
အိုပွေ့မြက်နု အမိုက်စုလည်း ရှိတတ်သည်။

ရွက်အိုနာညောင်း ပင်အိုဟောင်းလို့
အကောင်းဖွေရှာ သာယာဖို့လည်း ရှိတတ်သည်။

မည်သို့ဆိုစေ ချစ်စိတ်ထွေကြ
လူ့ပြေလူ့ရွာ လူ့ကမ္ဘာဝယ်
အဓိပ္ပါယ်အနက် ဖွင့်ဆိုခက်သည့်
ချစ်သက်ဋီကာ ဖွင့်ကြရာဝယ်
ဝေးကွာမနီး ကြံရွယ်ပြီးလည်း နီးကြသည်။

မရနိုင်မှ စွန့်ခွာကြရာ
ဖွင့်ဟမေတ္တာ စေတနာပြ
ချို့ မှာတန်ပြန် ရန်စွယ်မာန်ပြ
ပွင့်အံမျိုသိမ့် ဖြေသိမ့်နှိမ့်ကြ
ကြွေလိမ့်မျက်ရည် ပျက်စီးသွေခွာ စေတတ်သည်။

ချစ်တာဘာလဲ
ချစ်တာကိုယ့်ကိုယ်
ဘာ့တွက်ချစ်လဲ
ကိုယ့်တွက်ချစ်ပို
တကယ်ချစ်လဲ
ရွှေလက်တွဲလို့ မြဲဖို့ကို။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး