လှူလို​သော​ဇောပန်း​ဝေ

" လှူလိုသော ဇောပန်းဝေ "

ရွှေမေတ္တာ
ချွေလှစ်ကာ စာလွှာသ
သံသာရ ဒုက္ခဝေ
ဖန်လာကြ သောကပွေတယ်
လောကထွေ ပြေလည်ရေး
ရေဘေးသင့် ပြည်သူတွေ
ကူညီဖို့လေ။

တူညီစေ တွဲလက်များ
လူငယ်တွေ စွမ်းအင်များစွာဖြင့်
လှူခံနေ လမ်းကြိုကြားထိတောင်
မှန်းဆအား မမောပန်း နိုင်ရှာကြတယ်
ဇောပန်းရယ် သန်သူတွေပါကွဲ့
အမှန်ကူစေ။

သံပြိုင်တူ ရွတ်သံက
ဆွတ်ပြန့်ညံ ကားတွေကြားမယ်
ရေဘေးကို ကူညီဖို့
အလှူခံ ပါတယ်ဗျို့ရယ်လို့
ချွေးသံစို့ ကွဲလျှသံ
နားဝလျှံ ဘယ်မညီးပေသို့
ကြိုးစားနေသေး။

အမျိုးသားတို့ ညီစေနော်
ရိုးသားလို့ စီဝေပျော်လှတယ်
တို့ပြည်နော် ရာဇဝင်တိုင်းမယ်
ပြန်လှန် ရိုင်းပင်းတဲ့ ချစ်စဖွယ်
အနှစ်ကွယ် တည်စေသော်
ညီနောင်ဖေါ် သူငယ်ချင်းတို့ရယ်
နိုးကြားလို့လေး။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး