မာန်လျော့ပါ့မိုးဒေဝါ
" မာန်လျော့ပါ့ မိုးဒေဝါ "
မှိုင်းမှုန်တွဲ့
ပြာလဲ့ရီဝေလွင်
သိုင်းခြုံနွဲ့ တိမ်ပလီ
ချိန်နရီ ဝသန်မိုး
ချိမ့်ညံထိုး တိုးလို့ရွာ
အညှိုးရှာ အာကာထဲမှ
ရွာပြီသည်း မည်းလို့သာ
မိုးထက်ဝဠာ။
ပျိုးပြက်ပြက် ဖြိုးလက်၍
မိုးစက်တို့ ကြွေ
လေအပင့် မိုးရေနှောလို့
တဝေါဝေါ တသောသောနဲ့
အောတိုက်လို့ရွာ။
ညှိုးလေရော့ နိုးထကာ
ပြေပါတော့ မိုးစွေရွာ
မူယာပျိုး အညှိုးတေးနှင့်
မိုးအေးအေး တသွဲ့သွဲ့
တေးဖွဲ့ သလိုသာ ။
တထိတ်ထိတ် ကြိတ်ကာဆွေး
စိတ်မှာတွေး နွမ်းလျစွာ
တိတ်ခါပေး စိတ်ပြေပါ
မိုးနတ်ဒေဝါ။ ။
" သစ်ရိပ်ညို "
မှိုင်းမှုန်တွဲ့
ပြာလဲ့ရီဝေလွင်
သိုင်းခြုံနွဲ့ တိမ်ပလီ
ချိန်နရီ ဝသန်မိုး
ချိမ့်ညံထိုး တိုးလို့ရွာ
အညှိုးရှာ အာကာထဲမှ
ရွာပြီသည်း မည်းလို့သာ
မိုးထက်ဝဠာ။
ပျိုးပြက်ပြက် ဖြိုးလက်၍
မိုးစက်တို့ ကြွေ
လေအပင့် မိုးရေနှောလို့
တဝေါဝေါ တသောသောနဲ့
အောတိုက်လို့ရွာ။
ညှိုးလေရော့ နိုးထကာ
ပြေပါတော့ မိုးစွေရွာ
မူယာပျိုး အညှိုးတေးနှင့်
မိုးအေးအေး တသွဲ့သွဲ့
တေးဖွဲ့ သလိုသာ ။
တထိတ်ထိတ် ကြိတ်ကာဆွေး
စိတ်မှာတွေး နွမ်းလျစွာ
တိတ်ခါပေး စိတ်ပြေပါ
မိုးနတ်ဒေဝါ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment