သမီး

" သမီး "

အိုဘယ့်သမီး ၊ ရှုမငြီးလေး
ဖေကြီးစကား ၊ ဆုံးမများကို
မှတ်သားနာယူ ဆင်ခြင်လော့။

ပုဂ္ဂိုလ်သတ္တာ ၊ ခဲဥစ္စာများ
တန်ရာတန်ဘိုး ၊ အမျိုးမျိုးတည့်။

မျိုးရိုးသိက္ခာ ၊ ဂုဏ်အင်မှာဖြင့်
ကြီးစွာနိမ့်မူ ၊ တန်ဘိုးဟူ၏။

ဘယ်မူဥစ္စာ ၊ ဖြစ်တုံမှာလဲ
နေရာလိုက်သာ ၊ ထားသိုရာ၏။

တန်ဆာဖိနပ် ၊ နေရာမှတ်လာ
နိမ့်အပ်ရာဟု ၊ မှတ်သားပြုလော့။

ယှဉ်တုသူကြီး ၊ သူဌေးစီးနှင့်
လူစီးဖိနပ် ၊ တူသည်မှတ်ကွဲ့
ပြတ်သည့်အခါ ၊ စွန့်ပစ်ရာတည့်။

သင့်စွာသက်ရှိ ၊ ကြိုးစားဘိဟူ
စိတ်၏ခန္ဓာ ၊ မြတ်နေရာတွက်
ချိန်ခါမလင့် ၊ တန်ဘိုးသင့်အောင်
ဇွဲနှင့်လှုပ်ရှား ၊ တန်ဘိုးထားလော့။

စိတ်အားမချ ၊ ကြိုးစားရမည်
ခြေကျနေရေး ၊ ဂုဏ်အင်လေးက
နေရေးတွက်သာ ၊ မဟုတ်ပါကွဲ့
နောင်ခါမွေးဖွား ၊ သမီးသားတို့
ကြီးပွားဖို့မူ ၊ တို့ပြည်သူတွေ
ဂုဏ်ယူထိုက်ရေး ၊ ခုကြိုတွေးကာ
မနှေးအမြန် ၊ လုံ့လသန်လျက်
အားမာန်မြှင့်တော့ သမီးလေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်