မင်္ဂလာ ​ဆောင်

" မင်္ဂလာဆောင် "

ခိုးယူပေါင်းသင်း ၊ လက်ထပ်ခြင်း။
အကျဉ်းချုံးကျွေး ၊ မင်္ဂလာလေး။
လက်ထပ်စာချုပ် ၊ အကျဉ်းချုပ်။
အိမ်နားဖိတ်ကြား ၊ မင်္ဂလာများ။
ဆွမ်းကပ်ကျွေးလှူ ၊ မင်္ဂလာယူ။
ဒါနလှူဒါန်း ၊ မင်္ဂလာဆွမ်း။
ရပ်ရွာနှင့်ဆောင် ၊ မင်္ဂလာဆောင်။

ဟိုရှေးမြင်ယောင် ၊ မင်္ဂလာဆောင်ဖြင့်
ဆံယောင်ထုံးထိန်း ၊ ထိုင်မသိမ်းနှင့်
ထောက်ထိန်းအင်္ကျီ ၊ ချိတ်ထဘီနှင့်
တလီယောင်္ကျား ၊ တောင်ရှည်များနှင့်
ဆင်ထားတိုက်ပုံ ၊ ရင်ကိုလုံလျက်
မျိုးဂုဏ်တက်စေ ၊ မောင့်ကျက်သရေနှင့်
ခြံရွေရံထား ၊ မောင်းမများလျှင်
စံထားဘိသိဟ် ၊ မင်္ဂလာဟိတ်နှင့်
ဆောင်ထိပ်ကြုညင်း ၊ ခရုသင်းနှင့်
အောင်ခြင်းမင်္ဂလာ ၊ အောင်ကြောင်းသာသည်
အောင်ပါစေသော ၊ အောင်စေသော။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်