ရေ​ဘေးသင့်​ပြည်​သူများသို့

" ရေဘေးသင့်ပြည်သူများသို့ "

ကညာပျိုတင့် ချစ်ခွန်းဆင့်လို့
နေချင့်စဖွယ် သပိတ်လွယ်လေး
လေဝယ်လွင့်မြူး ပျော်ရွှင်မြူးမှ
သီကြူးသံသာ မြေဗလာထက်
တွယ်ရာမဲ့ခို ရေလယ်ငိုပြီ
မလို၏သို့ လို၏သို့သာ
ဘယ်သို့ဗျာကြွယ် အိုငှက်ငယ်။

ရည်ရွယ်ဘာဝ ပျော်ကြရသည့်
ဘဝကလေး ခဏလေးတွင်း
နေရေးညပ်ပိတ် ဇွတ်ကြိတ်မှိတ်ကာ
အတိတ်ကောက်ကြောင်း ဆုမတောင်းပဲ
ပင့်လှောင်းဝဲလည် ဒုက္ခကြွယ်လို့
ရင်ဝယ်ဆို့တေး ငိုသံပေးသည့်
တွေးဆွေးငှက်ငယ် အိုငှက်ငယ်။

ငြိတွယ်ဘဝ ပြန်စရအောင်
ပြန်ထပါကွယ် ငှက်လေးရယ်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်