တို့ရွာ​လေး

” တို့ရွာလေး ”

ရွာလယ်ခေါင်က ချောင်းကလေး
လောင်းလှေငယ် တွေပြေး။

ချောင်းကလေးရဲ့ ကမ်းစပ်မှာ
ကျောက်တုံးစီ ထားတာ။

ချောင်းဘယ်ညာမှာ လူသွားလမ်း
ရွာလယ် လမ်းမတန်း။

ဈေးဆိုင်ခန်းများ စီအရီ
ရောင်းကြ ဝယ်ကြသည်။

အလွန်စည်တဲ့ ရွာလယ်လမ်း
စီးပွားရေး ပွင့်လန်း။

ကုန်စည်ကူးသန်း ရောင်းဝယ်ရာ
လှည်းလှေများ သုံးကာ။

ညနေခါမှာ တို့ရွာသား
ပန်းဖြေ ချောင်းကမ်းနား။

ညဖက်မှာများ ပျော်စရာ
ပွဲလမ်းသဘင် မပြတ်ပါ။

ပျော်ရွှင်စရာ တို့ရွာလေး
သာယာ လွန်းတယ်လေး။

ကြည်နူးစရာ တို့ရွာလေး
အလွန် ငြိမ်းချမ်းအေး။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်