သတိ
" သတိ "
လူဖြစ်လာရ ၊ တစ်ဘဝတာ
ခဏကာလ ၊ နေထိုင်ကြစဉ်
ဥာဏစေလွှတ် ၊ ထိန်းကျောင်းကွပ်၍
စားဝတ်နေရေး ၊ ကျန်းမာရေးနှင့်
နောင်ရေးတွက်မှာ ၊ သတိသာတည့်။
ပညာရှိလည်း ၊ မမြဲသတိ
ဖြစ်တတ်ဘိနှယ် ၊ ငယ်သည့်သူလည်း
အမြဲသတိ ၊ မပြတ်ရှိမှ
ကိုယ်၏ခန္ဓာ ၊ သက်ရှည်ရာတွင်
သာယာချမ်းမြေ့ ၊ ပျော်ရွှင်မွေ့တည့်။
စိတ်တွေ့ရာသွား ၊ တွေ့ရာစား၍
လိုက်စားဆန္ဒ ၊ နည်းမကျသော်
စိတ်ကျပျက်ယွင်း ၊ ဆင်းရဲတွင်းနက်
ဟက်တက်ကွဲလျှ ၊ ဒါဏ်ထိမှလျှင်
အမျှနိဂုံး ၊ သတိရှုံး၏
ပျက်သုန်းခါခါ ရှိလိမ့်မည်။ ။
" သစ်ရိပ်ညို "
လူဖြစ်လာရ ၊ တစ်ဘဝတာ
ခဏကာလ ၊ နေထိုင်ကြစဉ်
ဥာဏစေလွှတ် ၊ ထိန်းကျောင်းကွပ်၍
စားဝတ်နေရေး ၊ ကျန်းမာရေးနှင့်
နောင်ရေးတွက်မှာ ၊ သတိသာတည့်။
ပညာရှိလည်း ၊ မမြဲသတိ
ဖြစ်တတ်ဘိနှယ် ၊ ငယ်သည့်သူလည်း
အမြဲသတိ ၊ မပြတ်ရှိမှ
ကိုယ်၏ခန္ဓာ ၊ သက်ရှည်ရာတွင်
သာယာချမ်းမြေ့ ၊ ပျော်ရွှင်မွေ့တည့်။
စိတ်တွေ့ရာသွား ၊ တွေ့ရာစား၍
လိုက်စားဆန္ဒ ၊ နည်းမကျသော်
စိတ်ကျပျက်ယွင်း ၊ ဆင်းရဲတွင်းနက်
ဟက်တက်ကွဲလျှ ၊ ဒါဏ်ထိမှလျှင်
အမျှနိဂုံး ၊ သတိရှုံး၏
ပျက်သုန်းခါခါ ရှိလိမ့်မည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment