မပန်းဖြူ

” မပန်းဖြူ ”

ပန်းကိုကြိုက်​တဲ့ မပန်းဖြူ
စိတ်​နှလုံး​လေးဖြူ။

သူ့ဟန်​မူမှာ လွန်​ယဉ်​​ကျေး
သိမ်​သိမ်​​မွေ့​မွေ့လေး။

အ​ရောင်​အ​သွေး သူ့ဂုဏ်​ရည်
ဖြူစင်​​အေးမြကြည်​။

တံ့တံ့တည်​တည်​ သူ့စကား
ရည်​မွန်​လှ​ပေသား။

အားကစားနဲ့ သင်​ခန်းစာ
ဘက်​စုံ​တော်​သူပါ။

နှုတ်​မှု​ရေးရာ ​ချိုသာလှ
စည်းကမ်းစနစ်​ကျ။

ဆရာမိဘ ချစ်​ကြည်​ဖြူ
ရိုးသားကြိုးစားသူ။

ရနံ့ကြူကြူ သင်းပြန့်​​မွှေး
မပန်းဖြူက​လေး။ ။

” သစ်​ရိပ်​ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်