လောကလူ့ဘုံ

” လောက လူ့ဘုံ ”

အုံးအုံးကြွက်ကြွက် ၊ ဆူညံပွက်သည့်
ဟိုဘက်ဒီနား ၊ အော်သံများဖြင့်
လှုပ်ရှားသက်ဝင် ရှိလှသည်။

ဓာတ်စက်မြည်သံ ၊ တီးလုံးသံနှင့်
ကားသံလူသံ ၊ စုံစီညံလျက်
ခုန်ပျံကျော်လွှား ကြားရသည်။

မရှိဝမ်းစာ ၊ ရှိဝမ်းစာတွက်
လာပါယူပါ ၊ တစာစာဖြင့်
အော်ကာဟစ်ကာ ခေါ်နေသည်။

ရောင်းသူကရောင်း ၊ ဝယ်သူကဝယ်
ရွက်သူကရွက် ၊ ထမ်းသူကထမ်း
သယ်သူကသယ် စုံလင်သည်။

စားသောက်ဖွယ်စုံ ၊ လူသုံးကုန်နှင့်
ထုတ်ကုန်ပစ္စည်း ၊ ပေါင်းဆုံစည်းသည့်
ဈေးကြီးပတ်လည် စည်ကားသည်။

ဟုန်းဟုန်းတောက်လျှံ ၊ လောင်မီးလျံဖြင့်
ချိန်မှန်ရထား ၊ ခုတ်မောင်းသွားသို့
လူသားဘဝ ရုန်းကန်ကြသည်
အတ္တခရီး လောဘမီး။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်