ချစ်​​သောကုမုဒြာ

" ချစ်သော ကုမုဒြာ "

မြတ်နိုးယုယ ချစ်ခင်လှစွာ
တသချိုအေး ပုံရိပ်လေးရေ.....

စေတေးနွယ်စို ဟန်မူပိုလှ
နွဲ့ပျိုသစ်လွင် ကျော့မူရှင်သို့
ဆင်ရင်ထုံးဖွဲ့ ပြုံးလဲ့လဲ့ဖြာ
ရွှန်းလဲ့စွာတေး မျက်ကျော့မှေးစဉ်
ခင်လေးကြည်သာ ဟန်မူဖြာလို့
ချော့ကာမှေးသိပ် ကြိတ်မှိတ်အိပ်သည်
လှရိပ်သွယ်ဖြာ ရူပကာကား
နန္ဒာပေလော သူဇာလောကွယ်။

စီးမျောရစ်နွယ် စုတ်သချယ်လျှင်
ဆေးနှယ်မှင်ကျဲ ရှုံးမှာပဲမို့......

ဆန်းလှမူယာ ဟန်မူပါသည့်
ပန်းကြာဝတ်မှုံ သင်းပျံ့ ထုံသို့
ရဂုံနန်းကြွ တင့်ဆန်းစွပင်
မိုးကျရွှေကိုယ် နံ့သာချိုမွှေး
လွှမ်းပိုအေးမြ ချစ်စရာ့သွင်
ဝင်းပကြည်လွင် ဝါရွှေစင်သွေး
ညှို့ ငင်ငေးကာ ခန်းသဉ္စာထက်
နန္ဒာပေလော သူဇာလောကွယ်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး