နှောင်းအရိပ်

” နှောင်းအရိပ် ”

သူငယ်ချင်းရေ ၊ ကျောင်းပျော်တွေပေါ့
တို့တွေငယ်က ၊ မုန့်ဝေမျှ၍
စားခဲ့ကြတာ မမေ့ပါ။

ချုံကြိုချုံကြား ၊ ဆော့ကစားခဲ့
ပျော်ပါးဈေးသယ် ၊ မုန့်ရောင်းဝယ်နှင့်
ချိန်ရွယ်ပစ်ခတ် ၊ ဝမ်းလျားအပ်လို့
မပြတ်ဒိုင်းညှောင့် ၊ သစ်ကိုင်းခြောက်ဖြင့်
ကောက်သစ်စားပွဲ ၊ မြေမုန့်ခဲကို
ဖက်ထဲခံကာ ၊ စားခဲ့တာတွေ
ကြာလေမမေ့ လွမ်းရသည်။

ခုနေရပ်ထံ ၊ ပြန်လှန်စဉ်းစား
ကျောင်းတော်အားလျှင်...

နွမ်းအိုရွဲ့စောင်း ၊ စာသင်ကျောင်းလေး
ကျောင်းဝင်းလေးမှာ ၊ သံဝါဝါနှင့်
စာအံစာရေး ၊ အပြိုင်ပြေး၍
ကလေးဘဝ ၊ စာကိုပြသည်
ပျော်ရရွှင်ရ ပါဘိကော။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်