ပန်းသတင်း

" ပန်းသတင်း "

နု သစ် ငုံ ဖူး ၊ နံ နက် ဦး
ကြည် နူး ဖွယ် ရာ ၊ ပန်း မာ လာ။

သာ ယာ ထုံ မှူး ၊ မွှေး ပျံ့ ကြူး
ရည် လူး နံ့ သာ ၊ ဝတ် မှုံ မှာ။

ချိန် ခါ ပြောင်း လင့် ၊ ပန်း မန် ပွင့်
သွင် တင့် ဝေ ဆာ ၊ ခိုင် ရွှေ ညှာ။

နီ ဝါ ရောင် လွှင့် ၊ လှ ရည် ဆင့်
မြူး စွင့် မူ ရာ ၊ လှ သူ ဇာ။

ညင် သာ လေ ညင်း ၊ ရိုက် ဆော် သွင်း
ပျံ့ သင်း ယဉ် စွာ ၊ ရ နံ့ ဖြာ။

မာ လာ အ ဆင်း ၊ ဂုဏ် ရည် လင်း
နေ မင်း ဖန် ဝါ ၊ ရောင် ခြည် ဖြာ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်