ဘယ်​လိုလုပ်​ပါ့

” ဘယ်လို့လုပ်ပါ့ ”

မေမေ မေမေ ဘယ်သွားတယ်
မီးသွေးထွက်လို့ဝယ်။

ထမင်းရယ် ဘယ်မကျက်
လျှပ်စစ်မီးကပျက်။

အားကိုးရခက် လျှပ်စစ်ရယ်
မီးသွေးရှားပါးတယ်။

တောတောင်မယ် သစ်တောများ
ခုတ်ထွင်ခက်လို့လား။

ခုတ်ထွင်ထားတဲ့ ဟင်းလင်းပြင်
စိုက်ပျိုးထုတ်လုပ်ချင်။

မိုးရေမတင် ရာသီပျက်
ရွာချင်ရာ ရွာလျက်။

ရေဝင်ကောင်းတဲ့ လယ်တွေမှာ
ရေကြီးရေလျှံလာ။

ပြည်မြန်မာ သာစေကြောင်း
ပရဟိတ အလှူခံတောင်း။

အိုးဟောင်းလောင်း အိမ်ဟောင်းလောင်း
အိုးဟောင်းလောင်း အိမ်ဟောင်းလောင်း။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး