ရင်လေးဖွယ်နောင်ရေး
” ရင်လေးဖွယ် နောင်ရေး ”
မွေးတော့မယ်တဲ့ မွေးတော့မယ်
လူလေးမောင် နောင်ရွှေသွေး
မွေးပါတော့မယ်။
အစားအစာ ၊ အဆိပ်ပါလို့
သားမှာဒုက္ခ ၊ မွေးလာစ
စိတ်ကျရောဂါ ၊ နုံးခွေစွာနှင့်
ခန္ဓာနွဲ့ပါး ၊ ရောဂါများ
အင်အားဘယ်သို့ မွေးပါ့ကွယ်။
အိုဘယ့်လောက အိုလောက
သာပါဘိလော သာ၏လော။ ။
တွေးတော့မယ်တဲ့ တွေးတော့မယ်
ရွှေသွေးငယ် လူမယ်လေး
တွေးဆတော့မယ်။
အတတ်ပညာ ၊ သိလိမ္မာနှင့်
ရိုးရာအမွေ ၊ ထိန်းသိမ်းစေ
ဆိုးမွေကောင်းမွေ ၊ ဆိုးများနေက
ဘယ်ခြေဘယ်က ၊ ဘယ်လိုစ
ကြံဆရဖွယ် တွေးကြည့်တယ်။
အိုဘယ့်လောက အိုလောက
သာပါဘိလော သာ၏လော။ ။
မေးတော့မယ်တဲ့မေးတော့မယ်
ရွှေသွေးနောင် ဘဝရေး
မေးလှရော့မယ်။
လူ့ယဉ်ကျေးမှု ၊ အစုစုတွင်
ယဉ်တုလွှမ်းမိုး ၊ အရိုင်းမျိုး
မတိုးပွားစေ ၊ ယဉ်ကျေးစေဖို့
မျိုးမွေရိုးရာ ၊ စောင့်ရှောက်တာ
အိုဗျာ ဘယ်သို့ မေးရမယ်။
အိုဘယ့်လောက အိုလောက
သာပါဘိလော သာ၏လော။
ရေးတော့မယ်တဲ့ ရေးတော့မယ်
ရွှေသွေးမောင် ရောင်စဉ်တေး
ရေးပြတော့မယ်။
ကြံ့ခိုင်ဖွံ့ဖြိုး ၊ သတ္တိမျိုးဖြင့်
တိုင်းကျိုးပြည်ရွာ ၊ စာမျက်နှာ
တင်လာသမိုင်း ၊ လွမ်းမိုက်ရိုင်းစွာ
လူတိုင်းကိုယ်ကျိုး ၊ အတ္တဖြိုး
ငုတ်လျှိုးဘာသာ သာသနာတွက်
ဘယ်မှာဘယ်လို ရေးခက်ဖွယ်။
အိုဘယ့်လောက အိုလောက
သာပါဘိလော သာ၏လော။
” သစ်ရိပ်ညို ”
မွေးတော့မယ်တဲ့ မွေးတော့မယ်
လူလေးမောင် နောင်ရွှေသွေး
မွေးပါတော့မယ်။
အစားအစာ ၊ အဆိပ်ပါလို့
သားမှာဒုက္ခ ၊ မွေးလာစ
စိတ်ကျရောဂါ ၊ နုံးခွေစွာနှင့်
ခန္ဓာနွဲ့ပါး ၊ ရောဂါများ
အင်အားဘယ်သို့ မွေးပါ့ကွယ်။
အိုဘယ့်လောက အိုလောက
သာပါဘိလော သာ၏လော။ ။
တွေးတော့မယ်တဲ့ တွေးတော့မယ်
ရွှေသွေးငယ် လူမယ်လေး
တွေးဆတော့မယ်။
အတတ်ပညာ ၊ သိလိမ္မာနှင့်
ရိုးရာအမွေ ၊ ထိန်းသိမ်းစေ
ဆိုးမွေကောင်းမွေ ၊ ဆိုးများနေက
ဘယ်ခြေဘယ်က ၊ ဘယ်လိုစ
ကြံဆရဖွယ် တွေးကြည့်တယ်။
အိုဘယ့်လောက အိုလောက
သာပါဘိလော သာ၏လော။ ။
မေးတော့မယ်တဲ့မေးတော့မယ်
ရွှေသွေးနောင် ဘဝရေး
မေးလှရော့မယ်။
လူ့ယဉ်ကျေးမှု ၊ အစုစုတွင်
ယဉ်တုလွှမ်းမိုး ၊ အရိုင်းမျိုး
မတိုးပွားစေ ၊ ယဉ်ကျေးစေဖို့
မျိုးမွေရိုးရာ ၊ စောင့်ရှောက်တာ
အိုဗျာ ဘယ်သို့ မေးရမယ်။
အိုဘယ့်လောက အိုလောက
သာပါဘိလော သာ၏လော။
ရေးတော့မယ်တဲ့ ရေးတော့မယ်
ရွှေသွေးမောင် ရောင်စဉ်တေး
ရေးပြတော့မယ်။
ကြံ့ခိုင်ဖွံ့ဖြိုး ၊ သတ္တိမျိုးဖြင့်
တိုင်းကျိုးပြည်ရွာ ၊ စာမျက်နှာ
တင်လာသမိုင်း ၊ လွမ်းမိုက်ရိုင်းစွာ
လူတိုင်းကိုယ်ကျိုး ၊ အတ္တဖြိုး
ငုတ်လျှိုးဘာသာ သာသနာတွက်
ဘယ်မှာဘယ်လို ရေးခက်ဖွယ်။
အိုဘယ့်လောက အိုလောက
သာပါဘိလော သာ၏လော။
” သစ်ရိပ်ညို ”
Comments
Post a Comment