ပန်းဟေဝန်
” ပန်းဟေဝန် ”
ရွှေမှော်ကြာတော ၊ အံ့ဩပွင့်စုံ
ရဂုံစိမ့်စမ်း ၊ မြိုင်တန်းဝန်းရံ
ရေကန်ငါးပွက် ၊ ငါးရစ်တက်သော်
မိုးသက်လေပြင်း ဆင်တော့မည်။
စိန်းစိုလန်းဆန်း ၊ မြိုင်တန်းဟေဝန်
တံခွန်ဖြာဆင်း ၊ ရေနှင်းမှုန်လျှင်
ရောင်စဉ်သက်တန့် ၊ ကွေးညွှတ်ပျံ့ကိုင်း
ရနံ့ပန်းတိုင်း သင်းပြန့်ကြည်။
လိပ်ပြာပြန့်ကျဲ ၊ ပျံဝဲဥယျာဉ်
တွယ်ငင်ခိုတန်း ၊ နွယ်ပန်းစီရီ
တေးသီငှက်ကျေး ၊ သမင်လေးနှင့်
ယုန်ပြေးဒေါင်းငယ် မြူးတော့သည်။
” သစ်ရိပ်ညို ”
ရွှေမှော်ကြာတော ၊ အံ့ဩပွင့်စုံ
ရဂုံစိမ့်စမ်း ၊ မြိုင်တန်းဝန်းရံ
ရေကန်ငါးပွက် ၊ ငါးရစ်တက်သော်
မိုးသက်လေပြင်း ဆင်တော့မည်။
စိန်းစိုလန်းဆန်း ၊ မြိုင်တန်းဟေဝန်
တံခွန်ဖြာဆင်း ၊ ရေနှင်းမှုန်လျှင်
ရောင်စဉ်သက်တန့် ၊ ကွေးညွှတ်ပျံ့ကိုင်း
ရနံ့ပန်းတိုင်း သင်းပြန့်ကြည်။
လိပ်ပြာပြန့်ကျဲ ၊ ပျံဝဲဥယျာဉ်
တွယ်ငင်ခိုတန်း ၊ နွယ်ပန်းစီရီ
တေးသီငှက်ကျေး ၊ သမင်လေးနှင့်
ယုန်ပြေးဒေါင်းငယ် မြူးတော့သည်။
” သစ်ရိပ်ညို ”
Comments
Post a Comment